[English Below]
ရန်ကုန် - အောက်တိုဘာ ၂၈ ရက်၊ ၂၀၁၉ ခုနှစ် - Qingdao လေကြောင်းလိုင်းမှ မြန်မာနိုင်ငံ၏ အစည်ကားဆုံး လေဆိပ်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ၊ ရှီကျင်းပြည်နယ်ရှိ နင်းပေါ် မြို့သို့ တိုက်ရိုက် လေကြောင်းခရီးစဉ် စတင်ပျံသန်းပြေးဆွဲကြောင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများအား စီမံခန့်ခွဲ ၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (“YACL”) မှ ယနေ့ ကြေညာခဲ့ပါသည်။
Qingdao လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်၊ ရန်ကုန်မြို့ နှင့် ရှန်ဟိုင်းမြို့တောင်ဘက်ရှိ အဓိက ဆိပ်ကမ်းမြို့ဖြစ်ပြီး ရှီကျင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်သည့် နင်းပေါ်မြို့သို့ ချိတ်ဆက်ပျံသန်းသွား မည့် ၎င်း၏ လေကြောင်းခရီးစဉ်ကို ခရီးသည် ၁၈၀ ဦးအား သယ်ယူဝန်ဆောင်မှုပေးနိုင်သည့် A320 အမျိုးအစား လေယာဉ်အား အသုံးပြု၍ အပတ်စဉ် တင်္နလာနှင့် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။
[English Below]
ရန်ကုန် - အောက်တိုဘာ ၂၇ ရက်၊ ၂၀၁၉ ခုနှစ် - တရုတ်လေကြောင်းလိုင်းတစ်ခုဖြစ်သော Ruili လေကြောင်းလိုင်းမှ မြန်မာနိုင်ငံ၏ အဓိကလေကြောင်းဝင်ထွက်ပေါက် တစ်ခုဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့ ပထဆုံးလေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီမံခန့်ခွဲမှု၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (“YACL”) မှ ယနေ့ ကြိုဆိုခဲ့ပါသည်။
တရုတ် - မြန်မာ နယ်စပ်ဒေသတွင် တည်ရှိနေသော သယ်ဟုန်သည် ဟိနယနဗုဒ္ဓဘုရားကျောင်းဆောင်များ၊ လမ်းတစ်လျှောက် ပေါက်ရောက်နေသော ညောင်ပင်များ၊ ဘုရား ပုထိုးများ၊ အပူပိုင်းဒေသ၏ သဘာဝရှုမျှော်ခင်းများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုများဖြင့် လူသိများထင်ရှားပါသည်။ သယ်ဟုန်ဒေသတွင် နေထိုင်သော Dai လူမျိုးစုသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆက်နွယ်နေကာ ရေကစားပွဲတော်ကို ဧပြီလလယ်ပိုင်းတွင် သုံးရက်မှ လေးရက် ကြာ ကျင်းပဆင်နွှဲလေ့ရှိပါသည်။
[English Below]
ရန်ကုန် - အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁၉ ခုနှစ် - ၂၀၁၉ ခုနှစ်၏ ပထမကိုးလတာကာလအတွင်း မြန်မာနိုင်ငံ၏ အဓိက လေကြောင်းဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား အသုံးပြုသူ ခရီးသည် ပမာဏ ၄.၆၀ သန်းအထိ မြင့်တက်ခဲ့ပြီး ယခင်နှစ်ကာလတူမှ ခရီးသည်ပမာဏ ၄.၃၂ သန်းနှင့် နှိုင်းယှဉ်လျှင် ၆.၅% တိုးတက်လာသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company (“YACL”) မှ ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။
ယခုကဲ့သို့ခရီးသည်ပမာဏမြင့်တက်လာရခြင်းသည် ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲမှုကြောင့်ဖြစ်ပြီး အဓိကအားဖြင့် တရုတ်ခရီးသွားစျေးကွက်မှ ခရီးစဉ်တိုးချဲ့ ပျံသန်းမှုများကြောင့်ဖြစ်ကြောင်း YACL မှ ပြောကြားသွားခဲ့ပါသည်။
[English Below]
ရန်ကုန် - အောက်တိုဘာ ၁၅ ရက်၊ ၂၀၁၉ ခုနှစ် - Kunming Airlines မှ တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသရှိ ယူနန်ပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သော ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ချိတ်ဆက်ပျံသန်းသွားမည့် ကူမင်း - ရန်ကုန်ခရီးစဉ်၏ ပထမဆုံး ပြေးဆွဲပျံသန်းမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယနေ့ကြိုဆိုခဲ့ပါသည်။
ကူမင်း - ရန်ကုန် တိုက်ရိုက်ချိတ်ဆက်ပျံသန်းသွားမည့် အဆိုပါခရီးစဉ်ကို ခရီးသည်စုစုပေါင်း C8 Y160 ဦး သယ်ယူဝန်ဆောင်မှု ပေးနိုင်မည့် Boeing 738 အမျိုးအစားလေယာဉ်အသုံးပြု၍ တစ်ပတ်လျှင် လေးကြိမ် ပြေးဆွဲ ပျံသန်းသွားမည် ဖြစ်ပါသည်။
[English Below]
Airports Council International (ACI) ၏ Global Safety Network (“GSN”) Diploma Programme သင်ရိုးတစ်ခုလုံးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ထမ်းများ အောင်မြင်စွာ သင်ယူပြီးမြောက်ကြောင်း Yangon Aerodrome Company Limited (YACL) မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
အဆိုပါ “GSN” Diploma Programme အား တက်ရောက်ပြီးစီးကြသော ဝန်ထမ်းများအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသော YACL မှ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပါသည်။ Certification Program တက်ရောက်သူများနှင့်အတူ Gold Diploma နှင့် Silver Diploma ရရှိမည့် သင်တန်းသားများအတွက်လည်း YACL မှ အထူး ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါသည်။
အဆိုပါ programme သင်ကြားပြီးစီးခြင်းဖြင့် YACL မှ Safety Manager များ၊ Operations ၊ Engineering နှင့် Maintenance ဌာနများမှ ဝန်ထမ်းများအနေဖြင့် လေဆိပ်တွင်း ဘေးကင်းလုံခြုံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် လိုအပ်သော အသိပညာ၊ ဗဟုသုတများကို ပိုမိုသိရှိနားလည်၍ လေဆိပ်လည်ပတ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုဘေးကင်းလုံခြုံမှုရှိပြီး မြန်ဆန်ထိရောက်မှုရှိလာစေမည်ဖြစ်ပါသည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.