[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပြေးလမ်းယာယီပိတ်ထားချိန်အား တိုးမြှင့်

ရန်ကုန် - စက်တင်ဘာလ ၅ ရက် ၊ ၂၀၁၉ ခုနှစ် - ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) ၏ လေယာဉ်ပြေးလမ်း၌ တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားသောကြောင့် လေယာဉ်ပြေးလမ်းအား နံနက် ၁၁:၂၀ နာရီမှ ညနေ ၁၄:၂၀ နာရီအထိ ခေတ္တပိတ်ထားချိန်အား ညနေ ၁၆:ဝ၀ အထိ တိုးမြှင့်ထားပါသည်။ ဤကဲ့သို့ ပြေးလမ်းပိတ်ချိန် တိုးမြှင့်လိုက်ရခြင်းမှာ လေယာဉ်ပြေးလမ်းရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲဖြစ်သောကြောင့် ဖြစ်ပါသည်။

အဆိုပါအချိန်အတွင်း လေယာဉ်ပြေးလမ်းရှင်းလင်းရေးကို စနစ်တကျဆောင်ရွက်ပြီး ပြေးလမ်းအား ဘေးကင်းလုံခြုံမှုရှိစေရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြေးလမ်းယာယီပိတ်ထားစဉ်အတွင်း အဆင်းလေယာဉ်ခရီးစဉ်များ နောက်ကျမှုများနှင့် အပြောင်းအလဲများဖြစ်ပေါ်နိုင်ပြီး ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းပါရန် အကြံပြုလိုပါသည်။

လေယာဉ်ပြေးလမ်းပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပြေးလမ်းယာယီပိတ်ထားခြင်း

ရန်ကုန် - စက်တင်ဘာလ ၅ ရက် ၊ ၂၀၁၉ ခုနှစ် - ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) ၏ လေယာဉ်ပြေးလမ်း၌ တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားသောကြောင့် လေယာဉ်ပြေးလမ်းအား နံနက် ၁၁:၂၀ နာရီမှ နေ့လည် ၁၄:၂၀ နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြေးလမ်းယာယီပိတ်ထားစဉ်အတွင်း အဆင်းလေယာဉ်ခရီးစဉ်များ နောက်ကျမှုများဖြစ်ပေါ်နိုင်ပြီး ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လေယာဉ်ပြေးလမ်းပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်။

Read more

[English Below]

၂၄နာရီဝန်ဆောင်မှုပေးနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Premium Service Lounge ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စတင်ဖွင့်လှစ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်အသုံးပြုသူ ခရီးသည်များ ခရီးသွားလာရာတွင် အချိန် နှောင့်နှေးမှု မဖြစ်ပေါ်စေဘဲ လွယ်ကူမြန်ဆန်ချောမွေ့စွာ ထွက်ခွာသွားလာနိုင်ရန်အတွက် ပထမဆုံးသော ၂၄နာရီပတ်လုံး ဝန်ဆောင်မှုပေးသွားမည့် ကြယ်ငါးပွင့်အဆင့်ရှိ Mingalar Sky Premium Lounge ကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

Read more

[English Below]

JC (ကမ္ဘောဒီးယား) အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း၏ ဖနွမ်းပင် - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို သြဂုတ်လ ၁၇ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္လာ၊ ကြာသပတေး၊ နှင့် စနေနေ့တိုင်း ပြေးဆွဲပျံသန်းသွားမည်ဖြစ်ပါသည်။

JC လေကြောင်းလိုင်း၏ ယခုခရီးစဉ်သစ်တိုးချဲ့ပျံသန်းပြေးဆွဲမှုသည် မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ချိတ်ဆက်သွားလာမည့် ခရီးသည်များအတွက် ပိုမိုအဆင်ပြေလွယ်ကူ စွာ သွားလာစေနိုင်မည် ဖြစ်ပါသည်။

Read more

[English Below]

ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ကြီးမှူး ပြုလုပ်သော (၃) ရက်တာ အလုပ်ရုံညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေများအား ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအား စီစစ်သုံးသပ်ခဲ့ကြပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.