Press Statement-Referring to the incident involved by a military aircraft at the runway of Yangon International Airport

[English Below]

သတင်းထုတ်ပြန်ချက်

ရန်ကုန် - စက်တင်ဘာလ ၆ ရက် ၊ ၂၀၁၉ ခုနှစ်

လေးစားအပ်ပါသော ခရီးသွားပြည်သူများသို့ ပန်ကြားချက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) အား စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) အနေဖြင့် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ လေယာဉ်ပြေးလမ်းတွင် တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားခဲ့သောကြောင့် လေယာဉ်ပြေးလမ်းပိတ်ထားခဲ့ရပြီး ရာသီဥတုအခြေအနေ ဆိုးဝါးမှုကြောင့် ပြေးလမ်းပိတ်ထားချိန် ထပ်မံကြာမြင့်ခဲ့ရကြောင်း အသိပေးလိုပါသည်။ မြန်မာ့တပ်မတော် (လေ) မှ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သော လေယာဉ်ကို ပြေးလမ်းပေါ်မှ အမြန်ဆုံးဖယ်ရှားရန် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြေးလမ်းပိတ်ထားချိန် ကြာမြင့်ခဲ့ရပါသည်။ ဤကဲ့သို့ကြာမြင့်ခဲ့မှုကြောင့် လေယာဉ်ခရီးစဉ်များစွာ အခြားလေဆိပ်များသို့ လွှဲပြောင်း ဆင်းသက်ခဲ့ရမှု၊ နောက်ကျမှု နှင့် ခရီးစဉ်ဖျက်သိမ်းမှုများ ဖြစ်ပွားခဲ့ရပါသည်။

 

ဤဖြစ်စဉ်သည် လေကြောင်းသယ်ယူပို့ဆောင်ရေးနယ်ပယ်အတွင်း ကြိုတင်မသိရှိနိုင်သော၊ မရှောင်လွှဲနိုင်သော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ခရီးသည်များ၊ စီးပွားရေးမိတ်ဖက်များနှင့် လေကြောင်းလိုင်းများအား အဆင်မပြေမှုများဖြစ်ပွားစေခဲ့သည့်အတွက် YACL မှ အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဤဖြစ်စဉ်ကြောင့် ခရီးသည်များကြုံတွေ့ခဲ့ရသည့် အဆင်မပြေမှုများအတွက် ထပ်မံတောင်းပန်အပ်ပြီး နားလည်ပေးသည့်အတွက်လည်း များစွာကျေးဇူးတင်ရှိပါသည်။

 

Press Statement

Yangon – 6 September 2019

Dear Travelers

Yangon Aerodrome Company Limited (YACL), the Airport Operator of Yangon International Airport (YIA), informs that due to yesterday’s incident involving a military aircraft, lead to the closing of the runway for an extended period of time, which was further compounded by harsh weather conditions. Such occurrence caused many flights to divert, to be delayed or canceled, although all possible actions were executed by the Myanmar Air Force to remove the aircraft in the shortest period of time.

Understanding the inconvenience caused to all our passengers and business partners, the airliners, YACL deeply expresses its sympathies and regret for the occurrence, which, unavoidable and unforeseen, is unfortunately part of the air transport industry.

Again, sorry for the inconvenience and thank you for your kind understanding.

 

Download Myanmar Press Statement here.

Download English Press Statement here.


© Copyright 2018 by Yangon Aerodrome.