[English Below]

YACL၀န်ထမ်းများ Airports Council International (“ACI”) ၏ Global Safety Network (“GSN”) Diploma Programme ကို အောင်မြင်စွာတက်ရောက်ပြီးစီးပြီး Gold နှင့် Silver Diplomas များလက်ခံရရှိသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

[English Below]

ခရီးသည်များကို လုံခြုံရေးစစ်ဆေးမှုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် စောင့်ဆိုင်းချိန်လျော့ကျစေပြီး ပိုမိုအဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရန်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း Terminal ( Gate 3 ) တွင် လုံခြုံရေးစစ်ဆေးမှုစက်ကိရိယာများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) အား စီမံခန့်ခွဲ ဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) မှ ထပ်မံဖြည့်တင်းထားရှိပြီး တိုးမြှင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အဆိုပါထပ်မံဖြည့်တင်း ထားမှုဖြင့် ယခုအခါ ပြည်တွင်း Terminal အဆောက်အအုံရှိ အဓိကဝင်ပေါက်အားလုံးတွင် လုံခြုံရေးစစ်ဆေးမှုကိရိယာများ တပ်ဆင်ပြီးစီး၍ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နေပါသည်။

Read more

[English Below]

 

Coronavirus ရောဂါစစ်ဆေးစောင့်ကြပ်ကြည့်ရှုခြင်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေချာစွာ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ YACL အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် အနီးကပ်ပူး‌ပေါင်းကာ လေဆိပ်အသုံးပြုသူများ၏ လုံခြုံရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သော ဆောင်ရွက်ချက်များကို စီမံဆောင်ရွက်ထားပြီး ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှုများလည်း ဆောင်ရွက်ထားရှိပါသည်။

အကယ်၍

-           ဖျားနာခြင်း

-           ချောင်းဆိုးခြင်း

-           အသက်ရှုကြပ်ခြင်း

-           နှာချေခြင်း စသည့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားလျက်ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများတွင် သွားရောက်စစ်ဆေးကုသမှုခံယူရန် သို့မဟုတ် Terminal 1 ၊ Arrival Hall ရှိ လေဆိပ် ကျန်းမာရေးဌာနခွဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ သတင်းပို့ဆက်သွယ်ရန် သို့မဟုတ် ၀၁ - ၉၆၇၀၅၄၃ သို့ ဆက်သွယ်ရန် အကြံပြုလိုပါသည်။

အသေးစိတ်သိရှိလိုပါက : https://www.mohs.gov.mm/

ကျန်းမာရေးစစ်ဆေးကြပ်မတ်ခြင်းများအပေါ် လူကြီးမင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါသည်။

Read more

[English Below]

ဂန္ဓဗ္ဗရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသခြင်းအတွက် YACL မှ ဂုဏ်ပြုအပ်ပြီး အဓိကပံ့ပိုးကူညီသူအဖြစ် ပါဝင်ရခြင်းအ​ပေါ် ဂုဏ်ယူဝမ်း​မြောက်လျက်ရှိပါသည်။ ဂန္ဓဗ္ဗအဖွဲ့သားများအားလုံး​အောင်မြင်ပါ​စေ​ကြောင်း YACL မှ ဆုမွန်​ကောင်း​တောင်းအပ်ပါသည်။

Read more

[English Below]

ဟိုင်နန်ပြည်နယ်၏ မြို့တော် နှင့် အကြီးမားဆုံး လမ်းပန်းဆက်သွယ်ရေးအချက်အချာမြို့ဖြစ်သော ဟိုင်ခိုမြို့ နှင့် မြန်မာနိုင်ငံ၏ စီးပွား‌ရေးမြို့တော်၊ ရန်ကုန်မြို့သို့ ချိတ်ဆက်ပျံသန်းသည့်  9 Air လေကြောင်းလိုင်း ၏ ဟိုင်ခို - ရန်ကုန် ခရီးစဉ်ကို ယနေ့နံနက်တွင် စတင်ပျံသန်းပြေးဆွဲလိုက်ပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.