Enhanced precautionary measures at YIA amid COVID-19 outbreak

[English Below]

နိုင်ငံတကာတွင် လတ်တ‌လောကူးစက်ပြန့်ပွားနေသော COVID – 19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရန် မြန်မာနိုင်ငံ၏ အဓိကလေကြောင်း၀င်ထွက်ပေါက်တစ်ခုဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် လေဆိပ်အသုံးပြုသူခရီးသွားများ၊ လေဆိပ်တွင်း လုပ်ငန်းဆောင်ရွက်သူများနှင့် လေဆိပ်၀န်ထမ်းများ၏ ကျန်းမာရေးအခြေအနေလုံခြုံစိတ်ချရမှုရှိစေရန် အားထုတ်ဆောင်ရွက်လျက်ရှိပါသည်။

လေဆိပ်တွင်းရှိ နေ့စဉ်လုပ်ငန်းဆောင်တာများအား ထိခိုက်မှု၊ ရပ်ဆိုင်းမှုမရှိစေဘဲ

- နိုင်ငံတွင်းသို့ ၀င်ရောက်လာသော ခရီးသည်များ ၀င်ထွက်သွားလာထိတွေ့မှုများပြားသည့် နေရာများတွင် သန့်ရှင်းရေးနှင့် ပိုးမွှားသန့်စင်ခြင်းများ နေ့စဉ်နှင့်အမျှ အကြိမ်ရေထပ်တိုးကာ ဆောင်ရွက်ခြင်း။

- မိမိတို့ဝန်ထမ်းများအားလုံးအတွက် ကာကွယ်ရေးနှာခေါင်းစည်းများ ဖြန့်‌ဝေထားပေးခြင်း။

- အများပြည်သူသုံးနေရာများတွင် ခရီးသည်များနှင့် လေဆိပ်၀န်ထမ်းများအတွက် လက်သန့်စင်ဆေးရည်များ ထပ်တိုးထားရှိပေးထားခြင်း

စသည်တို့ကိုလည်း အထူးအလေးထားဆောင်ရွက်နေပါသည်။

လေဆိပ်ရှိ သန့်ရှင်းရေးတာဝန်များကို ထမ်းဆောင်နေရသော ဝန်ထမ်းများအား လေဆိပ်ပရဝုဏ်အတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာရှိသော အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် လူ့ခန္ဓာကိုယ်မှ ထွက်ရှိသော အညစ်ကြေးများကို အထူးဂရုပြုပြီး သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ကြိုတင်‌သတိထားရမည့် အချက်များကိုလည်း ‌‌ဝေမျှပြီးဖြစ်ပါသည်။

YACL အနေဖြင့် ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ဆောင်ချက်များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့်လည်း အင်တိုက်အားတိုက်လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

COVID – 19 နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များကို အချိန်နှင့် တပြေးညီ သိရှိလိုပါက https://www.mohs.gov.mm/ သို့ ၀င်ရောက်လေ့လာနိုင်ပါသည်။

 

In view of the COVID-19 health situation, Yangon International Airport has stepped up efforts to ensure the well-being of passengers, business partners and employees at the main aviation gateway to Myanmar.


While operations have continued without interruption, the following additional measures have been put in place in recent days:
• Increasing to daily frequency the cleaning and sanitizing of areas where there is contact with in-bound passengers;
• Distributing protection masks to all staff members; and
• Installing sanitizers at public areas for travelers and airport staff.

Airport cleaning staff have also been briefed about precautionary procedures to clean up any potentially infectious items or body fluids in the airport premises and to protect themselves against potentially infectious or suspected communicable disease.


YACL is closely collaborating with the Ministry of Health and Sports, Department of Civil Aviation and other government entities involved in maintaining public health.

For more updates about COVID-19, please refer to https://www.mohs.gov.mm/

 

 MG 0426

 MG 0420

 MG 0467

 MG 0453

 MG 0460

 MG 0413

 


© Copyright 2018 by Yangon Aerodrome.