[English Below]

ရန်ကုန် ၊ - မတ် ၁၈ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၏ လေကြောင်းဝင်ထွက်ပေါက်၌ ခရီးသည်ဝင်ထွက် သွားလာမှုတိုးတက်များပြားလာလျက်ရှိသော်လည်း နိုင်ငံ၏ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ချက်များကို အထောက်အကူပြုရန် သံဓိဌာန်ချမှတ်ထားသည်နှင့်အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စွမ်းအင်သုံးစွဲမှုကို ထိရောက်စွာ ထိန်းချုပ်လျက်ရှိကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (“YACL”) မှ ပြောကြားခဲ့ပါသည်။

Read more

[English Below]

နိုင်ငံတကာတွင် လတ်တ‌လောကူးစက်ပြန့်ပွားနေသော COVID – 19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရန် မြန်မာနိုင်ငံ၏ အဓိကလေကြောင်း၀င်ထွက်ပေါက်တစ်ခုဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် လေဆိပ်အသုံးပြုသူခရီးသွားများ၊ လေဆိပ်တွင်း လုပ်ငန်းဆောင်ရွက်သူများနှင့် လေဆိပ်၀န်ထမ်းများ၏ ကျန်းမာရေးအခြေအနေလုံခြုံစိတ်ချရမှုရှိစေရန် အားထုတ်ဆောင်ရွက်လျက်ရှိပါသည်။

လေဆိပ်တွင်းရှိ နေ့စဉ်လုပ်ငန်းဆောင်တာများအား ထိခိုက်မှု၊ ရပ်ဆိုင်းမှုမရှိစေဘဲ

- နိုင်ငံတွင်းသို့ ၀င်ရောက်လာသော ခရီးသည်များ ၀င်ထွက်သွားလာထိတွေ့မှုများပြားသည့် နေရာများတွင် သန့်ရှင်းရေးနှင့် ပိုးမွှားသန့်စင်ခြင်းများ နေ့စဉ်နှင့်အမျှ အကြိမ်ရေထပ်တိုးကာ ဆောင်ရွက်ခြင်း။

- မိမိတို့ဝန်ထမ်းများအားလုံးအတွက် ကာကွယ်ရေးနှာခေါင်းစည်းများ ဖြန့်‌ဝေထားပေးခြင်း။

- အများပြည်သူသုံးနေရာများတွင် ခရီးသည်များနှင့် လေဆိပ်၀န်ထမ်းများအတွက် လက်သန့်စင်ဆေးရည်များ ထပ်တိုးထားရှိပေးထားခြင်း

စသည်တို့ကိုလည်း အထူးအလေးထားဆောင်ရွက်နေပါသည်။

လေဆိပ်ရှိ သန့်ရှင်းရေးတာဝန်များကို ထမ်းဆောင်နေရသော ဝန်ထမ်းများအား လေဆိပ်ပရဝုဏ်အတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာရှိသော အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် လူ့ခန္ဓာကိုယ်မှ ထွက်ရှိသော အညစ်ကြေးများကို အထူးဂရုပြုပြီး သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ကြိုတင်‌သတိထားရမည့် အချက်များကိုလည်း ‌‌ဝေမျှပြီးဖြစ်ပါသည်။

YACL အနေဖြင့် ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ဆောင်ချက်များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့်လည်း အင်တိုက်အားတိုက်လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

COVID – 19 နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များကို အချိန်နှင့် တပြေးညီ သိရှိလိုပါက https://www.mohs.gov.mm/ သို့ ၀င်ရောက်လေ့လာနိုင်ပါသည်။

 

Read more

Precautionary Measures for travellers visiting Myanmar to contain the spread of COVID-19

COVID-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအား ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များ။

Read more

[English Below]

“ ENGLISH PILOT PROGRAMME “

 English Pilot Programme တက်ရောက်ပြီးစီးသွားသည့် ၀န်ထမ်းအားလုံးအတွက် YACL မှ ဂုဏ်ယူ၀မ်းမြောက်မိပါသည်။ သင်တန်းကို တက်ရောက်ကြသည့် ၀န်ထမ်းတစ်ယောက်ချင်းစီမှ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးအနက်ထား၍ ဇွဲလုံ့လများဖြင့် သင်ယူခဲ့မှုကြောင့် ယခုကဲ့သို့ သင်တန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

Read more

[English Below]

ရန်ကုန် - ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ ခုနှစ် - အာရှ‌‌ဒေသတွင်း ခရီးစဉ်မြို့အသစ်များ တိုးချဲ့ပျံသန်းပြေးဆွဲမှုကြောင့် မြန်မာနိုင်ငံ၏ အဓိကလေကြောင်း ၀င်ထွက်ပေါက်အား အသုံးပြုသူခရီးသည် အရေအတွက်သည် ၂၀၁၉ ခုနှစ်အကုန်တွင် ၆.၅ သန်း စံချိန်တင်ရရှိခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲ ၀န်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (“YACL”) က ယနေ့ထုတ်ပြန်ကြေညာခဲ့ပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.