[English Below]

ရန်ကုန်- ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၉ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲလျက်ရှိသော Yangon Aerodrome Company Limited (“YACL”) သည် လေကြောင်း ပို့ဆောင်ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၁၉၊ သြဂုတ်လ (၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူခြင်း ကြေငြာချက်အရ ၂၀၁၉၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် အဆိုပြုတင်ဒါလျှောက်ထားမှုအား ပြုလုပ်ခဲ့ပါသည်။  

မြန်မာနိုင်ငံ၏တောင်ဘက်အစွန်ဆုံးပိုင်းတွင်တည်ရှိပြီး သဘာဝကျွန်းစုအလှတရားများ ပေါကြွယ်ဝကာ လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ ပြည်တွင်း နှင့် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များကြား ရေပန်းစားလာသည့် မြိတ်ကျွန်းစုသို့ သွားလာနိုင်သော ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်လာမည့် ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှု တစ်ရပ် ဖြစ်ပါသည်။

Read more

[English Below]

Yangon Aerodrome Company Limited “YACL” ဝန်ထမ်းမိသားစု၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲကို ‌မြောက်ဥက္ကလာပမြို့နယ်၊ ဓမ္မာစရိယကျောင်းတိုက် တွင် ကျင်းပ ကုသိုလ်ယူခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းများ၊ လှူဖွယ်ဝတ္ထုအစုစု နှင့် နဝကမ္မအလှူတော်ငွေတို့ဖြင့်ဆက်ကပ် လှူဒါန်းကာ ကျောင်းတိုက် ဆရာတော်ထံမှ တရားတော်နာယူခဲ့ကြပါသည်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 ရှိ boarding gate အမှတ် ၈၊ ၉၊ ၁၀ နှင့် ၁၁ တို့၏ စောင့်ဆိုင်းဧရိယာများ ကို ယနေ့ နံနက် ၆:၀၀ နာရီမှစ၍ ခရီးသည်များ စောင့်ဆိုင်းအသုံးပြုရန်အတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း YACL မှ ဝမ်းမြောက်စွာကြေညာအပ်ပါသည်။

ဖွင့်လှစ်လိုက်သောစောင့်ဆိုင်းဧရိယာများတွင် အသစ်တပ်ဆင်ထားသော ထိုင်ခုံများ၊ မိုဘိုင်းဖုန်းအားသွင်းသော charging stations များနှင့် ပိုမိုအဆင့်မြင့်ကောင်းမွန်သော လေအေးပေးစနစ်များဖြင့် ခရီးသည်များ မိမိတို့၏ ခရီးစဉ်များကို သက်တောင့်သက်သာ အနားယူစောင့်ဆိုင်းနိုင်မည် ဖြစ်ပါသည်။

YACL အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုသူခရီးသည်များအား ပိုမိုကောင်းမွန်သော လေဆိပ် အသုံးပြုမှု အတွေ့အကြုံများ ပေးစွမ်းနိုင်ရန် အမြဲကြိုးပမ်းလျက်ရှိပြီး Terminal 2 စောင့်ဆိုင်းဧရိယာ ပြန်လည် ဖွင့်လှစ်လိုက်ခြင်းသည် ခရီးသည်များအား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းချက်များ၏ သက်သေတစ်ရပ်ပင် ဖြစ်ပါသည်။

ယခုထက်ပိုမို၍ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးအပ်သွားရန် နှင့် တိုးတက်များပြားလာသော ခရီးသည်အသုံးပြုမှု ပမာဏ ၊ လေယာဉ်ဝင်ထွက်မှုများအား အထောက်အကူပြုသော ဝန်ဆောင်မှုပေးသွားနိုင်စေရန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအား တိုးချဲ့မွမ်းမံခြင်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

Read more

[English Below]

ရန်ကုန် - နို၀င်ဘာ ၁ ရက် ၊ ၂၀၁၉ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲ၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited နှင့် Luxembourg’s aid and development agency တို့မှ မြန်မာနိုင်ငံတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အလုပ်သင်အစီအစဉ်များ (Internship programme) များမှတစ်ဆင့် လေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်နယ်ပယ်များတွင် လူ့စွမ်းအားအရင်းအမြစ်အရည်အသွေးမြှင့်တင်မှုများကို ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကြေညာခဲ့ပါသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်သွားရန်အတွက် Yangon Aerodrome Company Limited (“YACL”) အနေဖြင့် Lux – Development S.A. (“LuxDev”) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့‌ကြောင်း ပြောကြားခဲ့ပါသည်။

 

Read more

[English Below]

ရန်ကုန် - အောက်တိုဘာ ၂၈ ရက်၊ ၂၀၁၉ ခုနှစ် - Qingdao လေကြောင်းလိုင်းမှ မြန်မာနိုင်ငံ၏ အစည်ကားဆုံး လေဆိပ်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ၊ ရှီကျင်း‌‌‌ပြည်နယ်ရှိ နင်းပေါ် မြို့သို့ တိုက်ရိုက် လေကြောင်းခရီးစဉ် စတင်ပျံသန်းပြေးဆွဲကြောင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများအား စီမံခန့်ခွဲ ၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (“YACL”) မှ ယနေ့ ကြေညာခဲ့ပါသည်။

Qingdao လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်၊ ရန်ကုန်မြို့ နှင့် ရှန်ဟိုင်းမြို့တောင်ဘက်ရှိ အဓိက ဆိပ်ကမ်းမြို့ဖြစ်ပြီး ရှီကျင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်သည့် နင်းပေါ်မြို့သို့ ချိတ်ဆက်ပျံသန်းသွား မည့် ၎င်း၏ လေကြောင်းခရီးစဉ်ကို ခရီးသည် ၁၈၀ ဦးအား သယ်ယူဝန်ဆောင်မှုပေးနိုင်သည့် A320 အမျိုးအစား လေယာဉ်အား အသုံးပြု၍ အပတ်စဉ် တင်္နလာနှင့် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

 

Read more


© Copyright 2018 by Yangon Aerodrome.