flydubai Launches Daily Direct Flights between Dubai and Yangon; Includes Southeast Asia in its Routes Network

[English Below]

 

ဒူဘိုင်းအခြေစိုက်၊ flydubai လေကြောင်းလိုင်း၏ ဒူဘိုင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့စတင်ကာ ချိတ်ဆက်ပျံသန်းလိုက်ပြီဖြစ်ပါသည်။

flydubai အနေဖြင့် ၎င်း၏ လေကြောင်းခရီးစဉ်ကို ခရီးသည် ၁၇၄ ဦး သယ်ယူ၀န်ဆောင်မှုပေးနိုင်သည့် Boeing 737-800 အမျိုးအစားလေယာဉ်အား အသုံးပြုသွားကာ နေ့စဉ် ပျံသန်း ပြေးဆွဲသွားမည် ဖြစ်ပါသည်။

အဆိုပါ လေကြောင်းလိုင်းစတင်ပျံသန်းခြင်းအခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal 1 တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အေးရှားဝေါလ်ကုမ္ပဏီလုပ်ငန်းစုဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်၊ YACL ၏ COO ဖြစ်သူ Mr. Jose Angeja နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာ၀န်ရှိသူများမှ တက်ရောက်ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

“ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံတွေ လိုအပ်ကြောင်း နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ အဆိုပါကဏ္ဍမှာ အရေးပါတဲ့နေရာကနေ ပါ၀င်ပတ်သက်နေပါတယ်။” ဟု ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၎င်း၏ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

 

Flight Schedule: Daily
Flight Number: FZ1585/FZ1586
Route: DXB-RGN-KBV-RGN-DXB

 

The Dubai-based airline, flydubai, commences its Dubai – Yangon direct flights at YIA starting from today.

flydubai will operate its new daily service by utilizing Boeing 737-800 aircraft.

The inauguration ceremony to celebrate this occasion was held at YIA’s Terminal 1 and officiated by His Excellency U Phyo Min Thein, Chief Minister of Yangon Region, Her Excellency Daw Nilar Kyaw, Minister of Electricity, Industry, Transport.

During his opening address, H.E U Phyo Min Thein mentioned that “Infrastructure is needed in tourism sector development and Yangon International Airport plays an important role in that sector”.

 

Download Myanmar Press Release here.

Download English Press Release here. 

 

12

11

10

8

7

6

5

4

3

2

1

13

14

15

16

17

18

19

 

 

 


© Copyright 2018 by Yangon Aerodrome.