[English Below]

ယာယီပိတ်ထားသော လေယာဉ်ပြေးလမ်းအား ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သုံးစွဲ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ညနေ ၄နာရီ ၄၁မိနစ် မှစ၍ ခေတ္တ ယာယီ ပိတ်ထားသော လေယာဉ်ပြေးလမ်း အား မြန်မာစံတော်ချိန် ညနေ ၆နာရီ ၃ဝမိနစ် မှ စတင်၍ ပြန်လည် ဖွင့်လှစ်ပြီး လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ် အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ ဆက်သွယ်စုံစမ်းကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြေးလမ်းယာယီပိတ်ထားခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သြဂုတ်လ ၂ ရက် ညနေ ၄နာရီ ၄၁မိနစ်တွင် Golden Myanmar Airlines လေယာဉ်ခရီးစဉ်အမှတ် Y5 506 လေယာဉ်၏ ရှေ့ဘီး မတော်တဆဖြစ်ပွားမှုကြောင့် လေယာဉ်ပြေးလမ်း အား ခေတ္တ ယာယီပိတ်ထားပါသည်။ ပြေးလမ်းယာယီပိတ်ထားမှုကြောင့် လေယာဉ်ခရီးစဉ်အချို့ နောက် ကျမှုများ ဖြစ်ပေါ်နိုင်ပြီး ခရီးသည်များ အနေဖြင့် လေယာဉ်ခရီးစဉ် အချိန်ပြောင်းလဲမှုများ အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လေယာဉ်ပြေးလမ်း ပြန်လည် ဖွင့်လှစ်မည့် အချိန်ကို ထပ်မံ၍လည်း ကြေညာပေးသွားပါမည်။

Read more

[English Below]

ရန်ကုန်် - ဇူလိုင် ၂၀ ရက်၊ ၂၀၁၉ ခုနှစ် - အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (“MAI”) မှ ၎င်း၏ ခရီးစဉ်တိုးချဲ့ပျံသန်း မှုများအနက်မှတစ်ခုအနေဖြင့် ဟန်ကျိုးခရီးစဉ်ကို စတင်ပြေးဆွဲနေပြီဖြစ်ပါသည်။ ယခုပြေးဆွဲပျံသန်းလိုက်သော MAI ၏ ဟန်ကျိုးခရီးစဉ်သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့သို့ ပြေးဆွဲပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ထပ်မံပျံသန်း ပြေးဆွဲသော ဒုတိယမြောက်ခရီးစဉ်ဖြစ်ပါသည်။

ကျဲ့ကျန်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာ၊ ပညာရေးနှင့် ပြည်နယ်ယဉ်ကျေးမှုတို့၏ အချက်အချာဖြစ်သော ဟန်ကျိုးမြို့သည် တရုတ်နိုင်ငံ အရှေ့တောင်ဘက်ရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိပါ သည်။ ဟန်ကျိုးမြို့သည် နိုင်ငံတော်အဆင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အချာမြို့ဖြစ်ပြီး သမိုင်းကြောင်းအစဉ် အလာလည်း ကြီးမားသောမြို့ဖြစ်ကာ ပြည်နယ်အုပ်ချုပ်ရေးကောင်စီအသိအမှတ်ပြု ပြည်နယ်ဒုတိယအဆင့်မြို့ဖြစ်ပါ သည်။ 

Read more

[English Below]

“ဂုဏ်ယူဝမ်းမြောက်မိပါသည် ပုဂံ”

“ဂုဏ်ယူဝမ်းမြောက်မိပါသည် မြန်မာ”

Read more

[English Below]

ရန်ကုန် - ဇူလိုင် ၉ ရက်၊ ၂၀၁၉ ခုနှစ် - Spring Airlines ၏ လေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် (“YIA”) ၊ အပြည်ပြည်ဆိုင်ရာ Terminal ၊ Terminal 1 တွင် ဇူလိုင်လ ၈ ရက်မှ စတင်ပြေးဆွဲ ပျံသန်းနေပြီဖြစ်ပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.