[English Below]

[အသိပေးကြေညာချက်]

၂၀၁၉ ခုနှစ်၊ မတ်လ ၂၂ ရက် နေ့လည် ၁ : ၃၀ မှ ၂ နာရီအထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် International Terminal မြေအောက်ထပ်တွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


အဆိုပါလေ့ကျင့်မှုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မီးဘေးလုံခြုံရေးလုပ်ငန်းစဉ်များနှင့် လေဆိပ်ရှိ ဝန်ထမ်းများအနေဖြင့် အရေးပေါ်အခြေအနေတွင် ထွက်ခွာရမည့်လမ်းကြောင်းများနှင့် လုပ်ငန်းစဉ်များကို သိရှိနားလည်နိုင်စေရန် လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။

Read more

[English Below]

တိုးတက်လာသည့် ခရီးသည်ပမာဏကို လက်ခံဝန်ဆောင်မှုပေးနိုင်ရန် လေဆိပ် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ထားရှိပြီး နိုင်ငံတကာလေကြောင်းဆက်သွယ်မှုများ တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက် လျက်ရှိသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၄င်း၏ မိတ်ဖက်လေကြောင်းလိုင်းများ၊ လေဆိပ်ရှိ လုပ်ငန်းစု များမှ တာဝန်ရှိသူများအား ဖိတ်ကြား၍ မိတ်ဆုံစားပွဲကို ၂၉ရက်၊ ဇန်နဝါရီလ၊ ၂၀၁၉ ခုနှစ် ညနေခင်းအချိန်တွင် ကျင်းပခဲ့ပါသည်။

Read more

[English Below]

Hainan Airlines ၏ ချုံချင်း မြို့ နှင့် ရန်ကုန်မြို့ သို့ ချိတ်ဆက်ပျံသန်းသည့် ခရီးစဉ်သစ်အတွက် ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Hainan လေကြောင်းလိုင်း၏ ရန်ကုန်မြို့သို့ ပထမဦးဆုံး ခရီးစဉ် ကို ယနေ့မနက်တွင် ကြိုဆိုခဲ့ပါသည်။
Hainan လေကြောင်းလိုင်း သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ ရန်ကုန် နှင့် ချုံချင်းမြို့တို့အကြား တစ်ပတ်လျှင် လေးကြိမ် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

Read more

[English Below]

Myanmar National Airlines ရဲ့ ခရီးစဉ်သစ်တစ်ခုဖြစ်တဲ့ ရန်ကုန် - ချန်ဒူး တိုက်ရိုက်ခရီးစဉ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ပြေးဆွဲခဲ့ပါတယ်။ ဒီတိုက်ရိုက်ခရီးစဉ်သစ်ကို Myanmar National Airlines က တစ်ပတ် (၃) ရက် ပြေးဆွဲပျံသန်းပေးသွားမှာဖြစ်ပါတယ်။

Myanmar National Airlines ရဲ့ ခရီးစဉ်သစ်တိုးချဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူအပ်ပါတယ်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ၂၀၁၈ ခုနှစ်အတွက် ခြောက်သန်းမြောက်ခရီးသည်အဖြစ် ကံထူးရှင်ခရီးသည် မဝင်းဝင်းအေးနှင့်မိသားစုကို Singapore Airlines နှင့်အတူ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ကြိုဆိုခဲ့ပါသည်။

ဆုကြေးငွေကျပ်တစ်သန်းအပြင် ကျပ်တစ်သန်းတန်ဖိုးရှိ ခရီးသွားလက်ဆောင်ပစ္စည်းများကိုပါ မဝင်းဝင်းအေးနှင့် မိသားစုအား ပေးအပ်ဂုဏ်ပြုခဲ့ပြီး ခရီးစဉ်တစ်ခုတည်း၌ အတူလိုက်ပါလာသော ခရီးသည် ၁၅၉ ဦးကိုလည်း Duty-Free ကူပွန်များ၊ ကံစမ်းမဲကူပွန်များ၊ YACL ကီးချိန်းများ နှင့် SQ canvas အိတ်များကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.