Biman Air Accident at Yangon International Airport on May 8 2019 Evening

[English Below]

ခရီးသည် ၃၀ ဦးနှင့် လေယာဉ်ဝန်ထမ်း ၆ ဦး တင်ဆောင်လာသော Biman လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ပါသည်။

Biman လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် BG 060 ဖြင့် ဒါကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့် Bombardier Dash – 8/400 လေယာဉ်အမျိုးအစားသည် ယနေ့ညနေ ၆း၅၁ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ဆင်းသက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြင်ကွင်းများမပြတ်သားမှုကြောင့် လေယာဉ်ပြေးလမ်း၏ ညာ ဘက်သို့ ချော်ထွက်သွားခဲ့ပါသည်။ ဤမတော်တဆမှုဖြစ်ပွားပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ATC (“Air Traffic Control”) လုပ်ငန်းစဉ်များအရ လေဆိပ်၏ လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ဆို့ထားပါသည်။

A Biman aircraft carrying 30 passengers and 6 crew members skidded and overran the runway during heavy rain and poor visibility at Yangon International Airport (“YIA”) this evening.

The accident involving a Bombardier Dash-8/400 aircraft, flight BG 060 from Dhaka skidded and overran the runway 18:51 local time during a landing attempt amidst heavy rain. After the accident, the runway was closed according to ATC (“Air Traffic Control”) procedures.

 

Download Myanmar Media Statement Here

Download English Media Statement Here


© Copyright 2018 by Yangon Aerodrome.