[English Below]

ခရီးသည် ၃၀ ဦးနှင့် လေယာဉ်ဝန်ထမ်း ၆ ဦး တင်ဆောင်လာသော Biman လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ပါသည်။

Biman လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် BG 060 ဖြင့် ဒါကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့် Bombardier Dash – 8/400 လေယာဉ်အမျိုးအစားသည် ယနေ့ညနေ ၆း၅၁ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ဆင်းသက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြင်ကွင်းများမပြတ်သားမှုကြောင့် လေယာဉ်ပြေးလမ်း၏ ညာ ဘက်သို့ ချော်ထွက်သွားခဲ့ပါသည်။ ဤမတော်တဆမှုဖြစ်ပွားပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ATC (“Air Traffic Control”) လုပ်ငန်းစဉ်များအရ လေဆိပ်၏ လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ဆို့ထားပါသည်။

Read more

[English Below]

မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင် ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (“International Civil Aviation Organization - ICAO”) ၏ အဖွဲ့ဝင်နိုင်ငံ များအတွက်သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် နိုင်ငံတွင်းလိုအပ်ချက်များနှင့်အညီ ပေးအပ်သော လေယာဉ် ကွင်းအသိအမှတ်ပြုလက်မှတ် (Aerodrome Certification) ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (“YACL”) သို့ ပေးအပ်ခဲ့ပါသည်။

 

Read more

[English Below]

China Eastern Airlines ၏ ဟူးဟန် (Hohhot) - ကူမင်း - ရန်ကုန် ခရီးစဉ်သစ်ကို ဧပြီလ ၂ ရက်နေ့တွင် စတင်ပြေးဆွဲနေပြီဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။


China Eastern Airlines ၏ ခရီးစဉ်သစ်တိုးချဲ့ပြေးဆွဲပျံသန်းမှုအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်။

Read more

[English Below]

Sichuan Airlines ၏ ချန်ဒူးမြို့ နှင့် ရန်ကုန်မြို့ သို့ ချိတ်ဆက်ပျံသန်းသည့် ခရီးစဉ်သစ်အတွက် ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Sichuan လေကြောင်းလိုင်း၏ ချန်ဒူးမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် ခရီးစဉ် ကို ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်နေ့မနက်တွင် ကြိုဆိုခဲ့ပါသည်။

Sichuan လေကြောင်းလိုင်း သည် ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်နေ့မှ စတင်၍ ရန်ကုန် နှင့် ချန်ဒူး မြို့အကြား တစ်ပတ်လျှင် နှစ်ကြိမ် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် International Terminal တွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်မှု ကို ယနေ့ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။ အဆိိုပါလေ့ကျင့်မှုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မီးဘေးအန္တရာယ်လုံခြုံစိတ်ချရမှု၊ အရေး ပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို အစမ်းလေ့ကျင့်ခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အသုံးပြုသူခရီးသည်များနှင့် လေဆိပ်တွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံမှုအတွက် ယုံကြည်စိတ်ချရမှုတို့ကို စဉ်ဆက်မပြတ်သိရှိနားလည်နိုင်စေရန် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.