[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် International Terminal နှင့် ကားရပ်နားရာ နေရာကို တိုက်ရိုက် ဆက်သွယ်ထားသည့် Link Bridge အား အများပြည်သူအသုံးပြုနိုင်ရေးအတွက် အောက်တိုဘာလ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါသည်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား YACL မှ လွှဲပြောင်းတာဝန်ယူကာ ဝန်ဆောင်မှု ပေးခဲ့သည့် (၃) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လိုအပ်ချက်များအနက်မှ ပညာရေး နှင့် ကျန်းမာရေးထောက်ပံ့ မှုများ ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ နှင့် ဒေသခံများအား သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ထိုသို့ သွားရောက်လေ့လာခဲ့မှုများအပေါ် အခြေခံ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက် နေ့များတွင် Yangon Aerodrome Company Limited ၏ လူထုအကျိုးပြု ပရဟိတလုပ်ငန်းများဆောင်ရွက်မှု ပထမဆုံးခြေလှမ်းအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ပတ်ဝန်းကျင်ရှိ ကျောင်းများမှ ပညာရေးအထောက်အပံ့လိုအပ်နေသော ကလေးငယ် တစ်ထောင်ကျော်အတွက် ပညာရေးထောက်ပံ့ကြေး နှင့် ကျောင်းသုံးစာရေးကိရိယာများကို သွားရောက်လှူဒါန်းခဲ့ပါသည်။

Read more

[English Below]

Yangon Aerodrome Company Limited (YACL) သည် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတာဝန်ယူဆောင်ရွက်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အတူတကွပူးပေါင်း ပါဝင်ပေးကြပါသော သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။

Read more

[English Below]

Yangon Aerodrome Company Limited (YACL) သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

[English Below]

မြန်မာနို်င်ငံသို့ ပြည်ဝင်ဗီဇာဖြေလျှော့လိုက်ခြင်း အထိမ်းအမှတ်အနေဖြင့် ဂျပန်၊ တောင်ကိုရီးယား နှင့် တရုတ်နိုင်ငံသား ခရီးသည်များအား ကြိုဆိုခြင်းအခမ်းအနားကို ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်တို့မှ ဦးဆောင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) International Terminal တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.