Yangon Aerodrome Company Limited – YACL and Asia World Group of Companies, is proud to support the Voices for Wildlife Festival held at Mahabandoola Park on 2nd November 2018.

[English Below]

Yangon Aerodrome Company Limited (YACL) နှင့် အေးရှားဝေါလ်လုပ်ငန်းစုမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက် တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသော Voices for Wildlife ပွဲတော်ကျင်းပရေး ကူညီပံ့ပိုးပေးနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

YACL နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့မှ တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း နှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေးရန် ရည်ရွယ်ပြု လုပ်ခဲ့သည့် Voices for MoMos လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုတွင် တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက် ကားခြင်း ရပ်တန့်စေရေး လူထုလှုံ့ဆော်မှုများ နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် International Terminal နှင့် Domestic Terminal တို့တွင် စက္ကူဆင်ရုပ်ကြီးများ ပြသထားရှိခြင်းတို့အား မကြာသေးမီက လုပ်ဆောင်ခဲ့ပါသည်။ ယခုကျင်းပသည့်ပွဲတော်အတွင်း graffiti နှင့် အနုပညာပြပွဲများသာမက နာမည်ကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ ဖြင့်လည်း ပါဝင်ပံ့ပိုးပေးခဲ့ကြပါသည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော YACL သည် ယခု လှုပ်ရှားမှုအတွက် ပါဝင်ကူညီထောက်ပံ့လျက်ရှိပြီး တောရိုင်းတိရစ္ဆာန်ထွက်ကုန် ပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင့်ပက်သက်၍ အများပြည်သူအား အသိပညာ ပေးရာတွင် တစ်တပ်တစ်အား ပါဝင်သွားမည်ဖြစ်ပါသည်။ အဆိုပါပွဲတော်ကို တက်ကြွစွာ ထောက်ခံအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကရ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသည့် YACL သည် တာဝန်သိခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်စေရန် ပြည်သူ့အကျိုးပြုလုပ်ငန်းများမှ တစ်ဆင့် အများပြည်သူအတွက် အသိပညာပေးလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိပြီး တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများကို စုံစမ်းရှာ ဖွေတားဆီးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

Yangon Aerodrome Company Limited – YACL and Asia World Group of Companies, is proud to support the Voices for Wildlife Festival held at Mahabandoola Park on 2nd November 2018.

YACL and AWC participated in the recent campaign called Voices for MoMos with the objective to generate public’s awareness of illegal wildlife trade. The activities included a public commitment to end illegal wildlife trade, as well as implementing the MoMo Art installation at YIA International Terminal and Domestic Terminal.

The festival hosted activities including graffiti and art exhibition, and performances by famous local singers.
YACL, the operator of Yangon International Airport is supporting the campaign and aiming to play a role in educating of illegal wildlife trade.

To continue our efforts with the contribution to the Festival, YACL as the operator of the key gateway to Myanmar takes the initiative drive towards Responsible Tourism by creating awareness to the public through its CSR activities and is committed to working with all relevant government stakeholders to implement illegal wildlife detection and enforcement measure.

 

VFW IMG 5925 VFW IMG 5935 VFW IMG 5941 VFW IMG 5942 VFW IMG 5954 VFW IMG 5967 VFW IMG 5970 VFW IMG 5979 VFW IMG 5991 VFW IMG 6018 VFW IMG 6021

 


© Copyright 2018 by Yangon Aerodrome.