Travel Advisory: Duration of temporary runway closure extended at Yangon International Airport

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပြေးလမ်းယာယီပိတ်ထားချိန်အား တိုးမြှင့်

ရန်ကုန် - စက်တင်ဘာလ ၅ ရက် ၊ ၂၀၁၉ ခုနှစ် - ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) ၏ လေယာဉ်ပြေးလမ်း၌ တပ်မတော်လေယာဉ်တစ်စီးပြေးလမ်းချော်မှုဖြစ်ပွားသောကြောင့် လေယာဉ်ပြေးလမ်းအား နံနက် ၁၁:၂၀ နာရီမှ ညနေ ၁၄:၂၀ နာရီအထိ ခေတ္တပိတ်ထားချိန်အား ညနေ ၁၆:ဝ၀ အထိ တိုးမြှင့်ထားပါသည်။ ဤကဲ့သို့ ပြေးလမ်းပိတ်ချိန် တိုးမြှင့်လိုက်ရခြင်းမှာ လေယာဉ်ပြေးလမ်းရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲဖြစ်သောကြောင့် ဖြစ်ပါသည်။

အဆိုပါအချိန်အတွင်း လေယာဉ်ပြေးလမ်းရှင်းလင်းရေးကို စနစ်တကျဆောင်ရွက်ပြီး ပြေးလမ်းအား ဘေးကင်းလုံခြုံမှုရှိစေရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြေးလမ်းယာယီပိတ်ထားစဉ်အတွင်း အဆင်းလေယာဉ်ခရီးစဉ်များ နောက်ကျမှုများနှင့် အပြောင်းအလဲများဖြစ်ပေါ်နိုင်ပြီး ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အချိန်ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းပါရန် အကြံပြုလိုပါသည်။

လေယာဉ်ပြေးလမ်းပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်။

 

YANGON – 5 September 2019 – Following the temporary closure of the runway at Yangon International Airport (“YIA”) from 11:20 Hrs to 14:20 Hrs, duration of runway closure has extended till 16:00 Hrs due to ongoing clearance works on the runway.

During this time, the runway will be thoroughly checked and cleaned up to ensure it is safe and ready for operations.

YIA advises all travelers to check with their respective airlines for updates on their flight status. Our customer service teams are on ground to provide assistance if needed.

We will provide updates as they come in.

 DSC 0103 web size

Download Myanmar Travel Advisory Here.

Download English Travel Advisory Here.


© Copyright 2018 by Yangon Aerodrome.