[English Below]

ရန်ကုန် - အောက်တိုဘာ ၂၇ ရက်၊ ၂၀၁၉ ခုနှစ် - တရုတ်လေကြောင်းလိုင်းတစ်ခုဖြစ်သော Ruili လေကြောင်းလိုင်းမှ မြန်မာနိုင်ငံ၏ အဓိကလေကြောင်းဝင်ထွက်ပေါက် တစ်ခုဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့ ပထဆုံးလေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီမံခန့်ခွဲမှု၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (“YACL”) မှ ယနေ့ ကြိုဆိုခဲ့ပါသည်။

တရုတ် - မြန်မာ နယ်စပ်ဒေသတွင် တည်ရှိနေသော သယ်ဟုန်သည် ဟိနယနဗုဒ္ဓဘုရားကျောင်းဆောင်များ၊ လမ်းတစ်လျှောက် ပေါက်ရောက်နေသော ညောင်ပင်များ၊ ဘုရား ပုထိုးများ၊ အပူပိုင်းဒေသ၏ သဘာဝရှုမျှော်ခင်းများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုများဖြင့် လူသိများထင်ရှားပါသည်။ သယ်ဟုန်ဒေသတွင် နေထိုင်သော Dai လူမျိုးစုသည်  မြန်မာ့ယဉ်ကျေးမှုနှင့် ဆက်နွယ်နေကာ ရေကစားပွဲတော်ကို ဧပြီလလယ်ပိုင်းတွင် သုံးရက်မှ လေးရက် ကြာ ကျင်းပဆင်နွှဲလေ့ရှိပါသည်။

 

Read more

[English Below]

ရန်ကုန် - အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁၉ ခုနှစ် - ၂၀၁၉ ခုနှစ်၏ ပထမကိုးလတာကာလအတွင်း မြန်မာနိုင်ငံ၏ အဓိက လေကြောင်းဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား အသုံးပြုသူ ခရီးသည် ပမာဏ ၄.၆၀ သန်းအထိ မြင့်တက်ခဲ့ပြီး ယခင်နှစ်ကာလတူမှ ခရီးသည်ပမာဏ ၄.၃၂ သန်းနှင့် နှိုင်းယှဉ်လျှင် ၆.၅% တိုးတက်လာသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company (“YACL”) မှ ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။

ယခုကဲ့သို့ခရီးသည်ပမာဏမြင့်တက်လာရခြင်းသည် ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲမှုကြောင့်ဖြစ်ပြီး အဓိကအားဖြင့် တရုတ်ခရီးသွားစျေးကွက်မှ ခရီးစဉ်တိုးချဲ့ ပျံသန်းမှုများကြောင့်ဖြစ်ကြောင်း YACL မှ ပြောကြားသွားခဲ့ပါသည်။

Read more

[English Below]

ရန်ကုန် - အောက်တိုဘာ ၁၅ ရက်၊ ၂၀၁၉ ခုနှစ် - Kunming Airlines မှ တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသရှိ ယူနန်ပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သော ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ချိတ်ဆက်ပျံသန်းသွားမည့် ကူမင်း - ရန်ကုန်ခရီးစဉ်၏ ပထမဆုံး ပြေးဆွဲပျံသန်းမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယနေ့ကြိုဆိုခဲ့ပါသည်။

ကူမင်း - ရန်ကုန် တိုက်ရိုက်ချိတ်ဆက်ပျံသန်းသွားမည့် အဆိုပါခရီးစဉ်ကို ခရီးသည်စုစုပေါင်း C8 Y160 ဦး သယ်ယူဝန်ဆောင်မှု ပေးနိုင်မည့် Boeing 738 အမျိုးအစားလေယာဉ်အသုံးပြု၍ တစ်ပတ်လျှင် လေးကြိမ် ပြေးဆွဲ ပျံသန်းသွားမည် ဖြစ်ပါသည်။

 

Read more

[English Below]

Airports Council International (ACI) ၏ Global Safety Network (“GSN”) Diploma Programme သင်ရိုးတစ်ခုလုံးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ထမ်းများ အောင်မြင်စွာ သင်ယူပြီးမြောက်ကြောင်း Yangon Aerodrome Company Limited (YACL) မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။

အဆိုပါ “GSN” Diploma Programme အား တက်ရောက်ပြီးစီးကြသော ဝန်ထမ်းများအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသော YACL မှ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပါသည်။ Certification Program တက်ရောက်သူများနှင့်အတူ Gold Diploma နှင့် Silver Diploma ရရှိမည့် သင်တန်းသားများအတွက်လည်း YACL မှ အထူး ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါသည်။

အဆိုပါ programme သင်ကြားပြီးစီးခြင်းဖြင့် YACL မှ Safety Manager များ၊ Operations ၊ Engineering နှင့် Maintenance ဌာနများမှ ဝန်ထမ်းများအနေဖြင့် လေဆိပ်တွင်း ဘေးကင်းလုံခြုံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် လိုအပ်သော အသိပညာ၊ ဗဟုသုတများကို ပိုမိုသိရှိနားလည်၍ လေဆိပ်လည်ပတ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုဘေးကင်းလုံခြုံမှုရှိပြီး မြန်ဆန်ထိရောက်မှုရှိလာစေမည်ဖြစ်ပါသည်။

Read more

[English Below]

အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးလေကြောင်းလိုင်းဖြစ်သော IndiGo သည် ၎င်း၏ ခရီးစဉ် ပျံသန်းမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယနေ့ စတင်လိုက်ပြီ ဖြစ်ပါသည်။

IndiGo လေကြောင်းလိုင်းသည် ၎င်း၏ခရီးစဉ်ကို A320 လေယာဉ်အမျိုးအစားကို အသုံးပြု၍ ကာလကတ္တား - ရန်ကုန်ကို နေ့စဉ် ချိတ်ဆက် ပျံသန်းပြေးဆွဲပေးသွားပါမည်။

အဆိုပါခရီးစဉ်သစ်သည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကြား လေကြောင်းချိတ်ဆက်ပျံသန်းမှုကို ပိုမို အဆင်ပြေချောမွေ့စေရုံသာမက ခရီးသွားလုပ်ငန်း ၊ ကုန်သွယ်ရေး နှင့် စီးပွားရေးလုပ်ငန်း ဆက်သွယ်ဆောင်ရွက်မှုများကိုပါ ပိုမိုကောင်းမွန်လာစေရန် အထောက်အပံ့ ပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.