The reopening of the waiting-lounges at the gates 8,9,10 and 11 at Terminal 2, Yangon International Airport

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 ရှိ boarding gate အမှတ် ၈၊ ၉၊ ၁၀ နှင့် ၁၁ တို့၏ စောင့်ဆိုင်းဧရိယာများ ကို ယနေ့ နံနက် ၆:၀၀ နာရီမှစ၍ ခရီးသည်များ စောင့်ဆိုင်းအသုံးပြုရန်အတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း YACL မှ ဝမ်းမြောက်စွာကြေညာအပ်ပါသည်။

ဖွင့်လှစ်လိုက်သောစောင့်ဆိုင်းဧရိယာများတွင် အသစ်တပ်ဆင်ထားသော ထိုင်ခုံများ၊ မိုဘိုင်းဖုန်းအားသွင်းသော charging stations များနှင့် ပိုမိုအဆင့်မြင့်ကောင်းမွန်သော လေအေးပေးစနစ်များဖြင့် ခရီးသည်များ မိမိတို့၏ ခရီးစဉ်များကို သက်တောင့်သက်သာ အနားယူစောင့်ဆိုင်းနိုင်မည် ဖြစ်ပါသည်။

YACL အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုသူခရီးသည်များအား ပိုမိုကောင်းမွန်သော လေဆိပ် အသုံးပြုမှု အတွေ့အကြုံများ ပေးစွမ်းနိုင်ရန် အမြဲကြိုးပမ်းလျက်ရှိပြီး Terminal 2 စောင့်ဆိုင်းဧရိယာ ပြန်လည် ဖွင့်လှစ်လိုက်ခြင်းသည် ခရီးသည်များအား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းချက်များ၏ သက်သေတစ်ရပ်ပင် ဖြစ်ပါသည်။

ယခုထက်ပိုမို၍ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးအပ်သွားရန် နှင့် တိုးတက်များပြားလာသော ခရီးသည်အသုံးပြုမှု ပမာဏ ၊ လေယာဉ်ဝင်ထွက်မှုများအား အထောက်အကူပြုသော ဝန်ဆောင်မှုပေးသွားနိုင်စေရန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအား တိုးချဲ့မွမ်းမံခြင်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

“YACL is pleased to announce the reopening of the waiting-lounges at the gates 8,9,10 and 11 since 0600Hrs today.

With brand-new seats, built-in charging stations, and better air conditioning units, you can pass the time in comfort while waiting to board your flight.

We are always seeking to improve your airport experience and the reopening of the waiting lounges (previously T2 Mezannine) underpins our commitment to serving you better.

The extension of the International Terminal is still in progress to accommodate the growth in passengers and aircraft movements and keep providing better facilities and services.”

 

 MG 3399

 MG 3431

 MG 3445

 MG 3457

 MG 3482

 MG 3483


© Copyright 2018 by Yangon Aerodrome.