[English Below]
ရန်ကုန် - မြန်မာ၊ ဇွန်လ ၂၅ ရက်၊ ၂၀၂၀ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ကို စီမံခန့်ခွဲ၀န်ဆောင်မှု ပေးနေသော Yangon Aerodrome Company Limited (YACL) သည် ICAO ၏ လမ်းညွှန်ချက်များ နှင့်အညီဖြစ်သော Airport Public Health Contingency Plan (APHCP) ၏ နိုင်ငံတကာ စံချိန်စံညွှန်းများအရ လေဆိပ်တွင်း COVID – 19 ကြိုတင်ကာကွယ်ရေးစီမံချက်များ နှင့် ပုံမှန် ရေရှည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ထပ်တိုးလုပ်ဆောင်နေပါသည်။ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ကို ယာယီရပ်ဆိုင်းထားသောကြောင့် လေဆိပ်အသုံးပြုသူခရီးသည်ပမာဏသည် ဖေဖော်၀ါရီလ၀က်ခန့်ကပင် စတင်ကျဆင်းလာခဲ့သော်လည်း YACL အနေဖြင့် နိုင်ငံတော်ကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် လုံခြုံစိတ်ချမှုရှိပြီး မြန်ဆန်ထိရောက်သည့် လေဆိပ်လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်၍ လည်ပတ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါသည်။
[English Below]
ရန်ကုန် - မြန်မာ၊ ဇွန်လ ၁၃ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ဇွန်လ ၃၀ ရက် ၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်ပါသည်။
[English Below]
ရန်ကုန် - မြန်မာ၊ မေလ ၂၉ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို မေလ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
[English Below]
ရန်ကုန် - မေလ ၂၀ ရက် ၊ ၂၀၂၀ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲ၀န်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) သည် ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ COVID-19 ကို ကာကွယ်တိုက်ထုတ်ရာတွင် တစ်ဖက်တစ်လမ်းမှ ပါ၀င်ကူညီပေးနိုင်ရန် ကူးစက်ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း နှင့် တာ၀န်ရှိသူများ ၊ YACL၏ စီမံခန့်ခွဲမှုအဖွဲ့၀င်တို့ တက်ရောက်ခဲ့ကြပါသည်။
[English Below]
ရန်ကုန်၊ မေလ ၁၉ ရက်၊ ၂၀၂၀ – ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (YACL) သည် ၎င်း၏ ချမှတ်ထားသော လုပ်ငန်းဦးတည်ရည်မှန်းချက် တစ်စိတ်တစ်ပိုင်း ဖြစ်သည့် လေဆိပ်အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး ၊ ဘေးကင်းလုံခြုံရေး ၊ လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူများ နှင့် လေကြောင်းဆိုင်ရာ မိတ်ဖက်၊ စီးပွားဖက်များ၏ ကျန်းမာဘေးကင်းစွာ လုပ်ငန်းလုပ်ဆောင်လည်ပတ်နိုင်ရေး စသည်တို့နှင့်အညီ လေဆိပ်အဆောက်အအုံ ဧရိယာများကို ပြုပြင်ထိန်းသိမ်း ခြင်း၊ သန့်ရှင်းခြင်း နှင့် ပိုးသတ်ခြင်း လုပ်ငန်းစဉ်များကို COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ယာယီရပ်ဆိုင်းခြင်း ကာလ၌ပင် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
၂၀၂၀ ခုနှစ် မတ်လ ၈ ရက်နေ့မှ စတင်၍ YACL သည် သက်ဆိုင်ရာမှ အတည်ပြုထားသော Airport Public Health Contingency Plan (APHCP) ပါ စည်းမျဉ်းများအတိုင်း လေဆိပ်အဆောက်အအုံ နှင့် Airside ဧရိယာများအား ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းကို လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူများ ၊ ခရီးသည်များ၏ ကျန်းမာရေးကို အကောင်းဆုံး ကာကွယ်မှုဖြစ်စေရန် နှင့် လေဆိပ်၏ Airside ဧရိယာများအား အသုံးပြုနေကြသူ လေကြောင်းလိုင်းများ၊ မြေပြင်ဝန်ဆောင်မှုပေးသူများ ပိုမိုကောင်းမွန်စွာ လုပ်ငန်းလည်ပတ်နိုင်စေရေးအတွက် တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.