[English Below]

ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်း ထပ်တိုးကာလ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်း Terminal - 3 တွင် ပျံသန်းပြေးဆွဲလျက်ရှိသော ပြည်တွင်း လေကြောင်းလိုင်းများ၏ ပြည်တွင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုများ ရပ်ဆိုင်းကာလ ကို (၁၅-၁၂-၂၀၂၀) အထိ တိုးမြှင့်ထားကြကြောင်း ၎င်းလေကြောင်းလိုင်းအသီးသီး၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာများမှ တဆင့် အသိပေးခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခရီးသည်များအနေဖြင့် မိမိတို့၏ လေကြောင်းခရီးစဉ်ပြောင်းလဲမှုများနှင့် အသေးစိတ်ကိစ္စရပ်များအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းအသီးသီးထံသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါရန် အကြုံပြုအပ်ပါသည်။

Read more

Reflection of Yangon International Airport, 2015 – 2020

  • YACL marks the 5th Anniversary of Operation and Management at Yangon International Airport, the main gateway of Myanmar
  • YACL's Team is ready for future challenges

It has been slightly more than 5 years since the effective operation and management of Yangon International Airport ("YIA") was transferred from the Department of Civil Aviation ("DCA") to Yangon Aerodrome Company Limited ("YACL") pursuant to a Concession Agreement signed on 6th January 2015.

Read more

INTERNATIONAL TRAVEL ADVISORY

[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏  ၂၀၂၀ ခုနှစ်၊ နို၀င်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ကန့်သတ်ချက်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပျံသန်းပြေးဆွဲပေးနေ‌သော အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဤကန့်သတ်ကာလအတွင်းတွင် အရေးပါသော ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များ ပြေးဆွဲပျံသန်းမှုကို ပုံမှန်အတိုင်းဆက်လက် ဝန်ဆောင်မှုပေးသွားမည်။

Read more

[English Below]

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရုံသုံး ကျန်းမာရေးအထောက်အကူပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံ၊ ထိန်းသိမ်း၊ ထုတ်ပေးခြင်း အတွက် ကျသင့်သည့် ဝန်ဆောင်ခ၊ စရိတ်များအား ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသို့ လှူဒါန်းခဲ့။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ မဲဆန္ဒရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မဲရုံဝန်ထမ်းများ COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် နိုင်ငံတော်မှ မှာယူထားသည့် အရေအတွက်အားဖြင့် (၉၁,၂၃၉)၊ စုစုပေါင်း တန်ချိန်အားဖြင့် (၁,၂၂၆) တန်ချိန်ရှိသော ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း (၁၂) မျိုးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ YACL Air Cargo Terminal သို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့မှစ၍ ရောက်ရှိခဲ့ကြပါသည်။

Read more

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲလျှက်ရှိသော Yangon Aerodrome Company Limited (YACL) သည် IndiGo လေကြောင်းလိုင်း၏ အကြိမ်ရေ (၁၀၀) ပြည့်အဖြစ် ပျံသန်းပြေးဆွဲလာသော ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ် (Cargo Flight) ၊ ခရီးစဉ်အမှတ် 6E-9960 အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယနေ့ ကြိုဆိုခဲ့ပါသည်။

ဤကပ်ဘေးကာလအတွင်း၌ ပျံသန်းပြေးဆွဲခဲ့သော IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များ (non-scheduled charter flights) သည် ယနေ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ၌ ပျံသန်းပြေးဆွဲမှု အကြိမ်ရေ (၁၀၀) ပြည့်မြောက်ခဲ့ခြင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

အိန္ဒိယနိုင်ငံ၏ မြို့တော် ကာလကတ္တား နှင့် ရန်ကုန် ချိတ်ဆက် ပျံသန်းပြေးဆွဲနေသည့် IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များ (non-scheduled charter flights) ကို ၂၀၂၀ ခုနှစ်၊ မေလ (၁) ရက်နေ့မှစ၍ ပျံသန်းပြေးဆွဲခဲ့ပြီး၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အခြေခံလူသုံးကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခဲ့သည်။

Read more


© Copyright 2018 by Yangon Aerodrome.