[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလအား မတ်လ (၃၁) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။

ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။


Suspension of International Flights Operation extended till 31 March 2021

According to the notice from the Department of Civil Aviation issued on 27 February 2021, the earlier restrictions for all international airlines operating air services to and from the Yangon International Airport have been further extended up to 31 March 2021, 2359 Hours MST.

To continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has approved further to extend the effective period of the Temporary Measures.

Travelers are advised to check with respective airlines or travel agents for updates on schedules.

 

Web


[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလအား ဖေဖော်၀ါရီလ (၂၈) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီလ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။

Read more

[English Below]

COVID-19 ကာကွယ်ဆေးများသယ်ဆောင်လာသည့် Air India လေယာဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆို

မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် COVID-19 ကာကွယ်ဆေးအလုံးရေတစ်သန်းခွဲ သယ်ဆောင်လာသည့် Air India လေယာဉ်အမှတ် AI-1234  အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့လက်ခံကြိုဆိုခဲ့ပါသည်။

Read more

[English Below]

ရန်ကုန် - မြန်မာ၊ ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၁ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (YACL) သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့မှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ အစပျိုးလုပ်ဆောင်ခဲ့သော “Stop COVID-19 Yellow Campaign” အဝါရောင်လူထု အသိပညာပေး အစီအစဉ်တွင် ပူးပေါင်းပါဝင်ခဲ့သည်။ အဆိုပါ လူထုအသိပညာပေးလှုပ်ရှားမှုအား “ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန်၊ ပုံမှန် လက်ဆေးရန်၊ နေ့စဉ်ဘဝတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေရန်” သတိပြုမိစေရေးအတွက် “New Normal, New Living, New Yangon” ဆောင်ပုဒ်ဖြင့် ယနေ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် (၈) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal 1 ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Read more

[English Below]

ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ ကြိုတင်အစီအမံများ စာပွဲဝိုင်းလေ့ကျင့်ခန်း (Tabletop Exercise) ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (YACL) သည် Airport Council International (ACI)၊  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစသည့် သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနများမှ ချမှတ်အကြံပေးထားသော ပြည်သူ့ကျန်းမာရေး အရေးပေါ်စီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် နယ်နမိတ်ဖြတ်ကျော်ဝင်ရောက်နိုင်သော ကူးစက်ရောဂါများ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ချက်အစီအမံများအတွက် စာပွဲဝိုင်းလေ့ကျင့်ခန်း (Tabletop Exercise) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ 

Read more


© Copyright 2018 by Yangon Aerodrome.