Immediate Release: [English Below]

YANGON AERODROME COMPANY LIMITED ၏ ထုတ်ပြန်ချက်

ရန်ကုန်၊ မြန်မာ၊ (၂၀၂၂) ခုနှစ်၊ မတ်လ (၂) ရက်နေ့ 

"လေကြောင်းလိုင်းများနှင့်တကွ လေဆိပ်ဝန်ဆောင်မှုပေးနေသော လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ယနေ့လက်ရှိတွင် ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ ထပ်တိုးလိုအပ်ချက်များ၊ ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် မြင့်မားလာသောလောင်စာဆီဈေးနှုန်းများ တို့သည် ခရီးသွားကဏ္ဍ ကုန်ကျစရိတ်များ တိုးမြင့်လာနိုင်မှုအလားအလာအတွက် ပေါင်းစပ်စိန်ခေါ်မှု တစ်ခုဖြစ်လာနိုင်ကြောင်း မျှော်လင့်ထားပါသည်။ YACL အနေဖြင့်လည်း နိုင်ငံတွင်းလေကြောင်းကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ခရီးသွားကဏ္ဍကုန်ကျစရိတ်များ တိုးမြှင့်လာမှုကို လျှော့ချနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။

မကြာသေးမီက လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေခဲ့သော သတင်းပါ အချက်အလက်များအရ YACL သည် လေယာဉ်ဆီတင်သွင်းခြင်း (သို့) သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများလုပ်ဆောင်နေခြင်း လုံးဝမရှိသကဲ့သို့ အခြား မည်သည့်နေရာတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖြည့်စွက်ပြောကြားလိုပါသည်။ YACL သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အတွက် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန-DCA နှင့် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့အစည်း- ICAO တို့၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာ၍ ပွင့်လင်းမြင်သာမှုရှိစွာ ဝန်ဆောင်မှုပေးနေခြင်းသာ ဖြစ်သည်။"

မြန်မာဘာသာဖြင့် ထုတ်ပြန်ချက် အပြည့်အစုံအား ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။

Read more

[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီ အထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။

ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများထံသို တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

Read more

[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီ အထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။

ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများထံသို တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

Read more

[English Below]

ကူးစက်မြန်ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် အတွက် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ သယ်ဆောင်လာသည့် China Southern Airlines လေယာဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆို

မြန်မာနိုင်ငံတွင်လည်း ကြုံတွေခံစားနေရသော ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းသော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ သယ်ဆောင်လာသည့် China Southern Airlines လေယာဉ်အမှတ် CZ-8083 အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် လက်ခံကြိုဆိုခဲ့ပါသည်။

ကမ္ဘာတဝှမ်း ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကြုံတွေ့ခံစားနေရသောအချိန်တွင် မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် အလွန်အရေးပါသည့် ကယ်ဆယ်ရေးနှင့် ကုန်တင်လေယာဉ်များကို ဝန်ဆောင်မှုပေးနေခြင်းဖြင့် ပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရသည့်အတွက် Yangon Aerodrome Company Limited (YACL) မှ အထူး ဂုဏ်ယူမိပါသည်။

Read more

[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလလ (၃၀) ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီ အထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်သည်။

ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများထံသို တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

Read more


© Copyright 2018 by Yangon Aerodrome.