[TRAVEL ADVISORY] – Relief Flight

ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) နှင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် အသွားအလာကန့်သတ်မှု (၃) ရက်တာ ဆောင်ရွက်ခြင်း နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အစီအမံများ

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၉-၄-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) နှင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် အသွားအလာကန့်သတ်မှု (၃) ရက်တာ ဆောင်ရွက်ခြင်း နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အစီအမံများများမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။ သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင် သက်ရောက်မည် ဖြစ်ပါသည်။

မှတ်ချက် - ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များတွင် နိုင်ငံခြားသားခရီးသည်များအား လိုက်ပါ ခွင့်ပြုမည် မဟုတ်ပါ။ 

အသေးစိတ်ဖတ်ရှုရန်

Read more

[TRAVEL ADVISORY]

နိုင်ငံတကာလေကြောင်းခရီးစဉ်များ (Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၉-၄-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။

သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင် သက်ရောက်မည် ဖြစ်ပါသည်။ 

Read more

TRAVEL ADVISORY (INTERNATIONAL & DOMESTICS TRAVELERS) 

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ စတင်၍ ဆိုင်းငံ့ထားခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (၂) နှစ်တာ ကာလကြာ ဆိုင်းငံ့ထားခဲ့သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal (1) တွင် ပြန်လည်ပြေးဆွဲပျံသန်းခဲ့ပြီ ဖြစ်သည်။ ယနေ့အတွက် ပထမဆုံးဆိုက်ရောက် လေကြောင်းခရီးစဉ်ဖြစ်သည့် Singapore Airlines - SQ761 ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပါသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ် ဆိုက်ရောက်ခရီးသည်များအတွက် မြန်မာနိုင်ငံသို့ဝင်ရောက်ရာတွင် အောက်တွင်ဖော်ပြထားသည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်စာရွက်စာတမ်း အထောက်အထားများကိုလည်း တစ်ပါတည်း ယူဆောင်လာရန် သက်ဆိုင်ရာမှ အသိပေး ထုတ်ပြန်ထားပါသည်။

  • (၇၂) နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR Test ဆေးစစ်ချက်
  • ကျန်းမာရေးဆိုင်ရာ ကြေငြာချက်အထောက်အထား စာရွက်စာတမ်း
  • Covid-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံ လက်မှတ်
  • ဆိုက်ရောက်ကဒ်
  • ကျန်းမာရေးအာမခံကတ်ပြား (နိုင်ငံခြားသားများအတွက်)

အထက်ဖော်ပြပါ စာရွက်စာတမ်း/ အထောက်အထားများကို မတင်ပြနိုင်သည့် ခရီးသွားများအနေဖြင့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များဖြင့်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများအတွက် ချမှတ်ထားသော အသွားအလာ ကန့်သတ်ခြင်း ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ( ရည်ညွှန်း-ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ၇-၄-၂၀၂၂ )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် လေဆိပ်အသုံးပြုသူခရီးသည်များ၊ လေကြောင်းလိုင်း တာဝန်ရှိသူများ၊ လေဆိပ်ဝန်ထမ်းများ အားလုံးအတွက် သက်ဆိုင်ရာမှ ချမှတ်ထားသည့် ပြည်သူ့ကျန်းမာရေး အစီအမံနှင့် လမ်းညွှန်ချက်များအား လိုက်နာရန် တိုက်တွန်း အသိပေးအပ်ပါသည်။

အသေးစိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များ https://bit.ly/3v2MRL1 တွင် ဖတ်ရှုနိုင်ပါသည်။

ဘေးကင်း၍ သာယာပျော်ရွှင်သော ခရီးစဉ်များဖြစ်ကြပါစေ။

(လေကြောင်းခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက်များအတွက် Yangon International Airport ရဲ့ Official Telegram Channel - https://t.me/yangoninternationalairport ကို Subscribe လုပ်ထားနိုင်ပါတယ်)

  • E-Visa လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များအတွက် အသေးစိတ်သိရှိလိုပါက - https://bit.ly/3vrOuSF
  • ပြည်ပမှလာရောက်မည့် နိုင်ငံခြားသားခရီးသွားများအတွက် ပြည်တွင်းခရီးသွားအာမခံအကြောင်း အသေးစိတ်သိရှိလိုပါက - https://bit.ly/38YQr1z 

မြန်မာဘာသာဖြင့် ထုတ်ပြန်ချက် အပြည့်အစုံအား ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။

Read more

TRAVEL ADVISORY (INTERNATIONAL & DOMESTICS TRAVELERS)

နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၇-၄-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။ သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့မှ စတင် သက်ရောက်မည် ဖြစ်ပါသည်။ 

အသေးစိတ်ဖတ်ရှုရန် နှိပ်ပါ။

Read more

TRAVEL ADVISORY (INTERNATIONAL)

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ယာယီကန့်သတ်ချက်အား ဖြေလျှော့ပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏ ၁၉-၃-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက် (Lifting the Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) အား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၁၉-၃-၂၀၂၂ ရက်နေ့တွင် Circular 3/2022 ထုတ်ပြန်၍ မြန်မာနိုင်ငံ မှ/သို့ နိုင်ငံတကာခရီးစဉ် ပျံသန်းသည့် လေကြောင်းလိုင်း၊ လေဆိပ် Operator များထံသို့ အသိပေး အကြောင်းကြားခဲ့ပါသည်။ အဆိုပါ ကြေညာချက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဗဟိုကော်မတီက မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့‌ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် အောက်ပါတို့ကို သဘောတူအတည်ပြုပြီးဖြစ်ကြောင်း ပါရှိပါသည်။

           (က) Temporary Measures ၏ သက်ရောက်မှုကာလကို ၁၆-၄-၂၀၂၂ ရက်နေ့ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ သတ်မှတ်ခြင်း၊

           (ခ) နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ (International Commercial Passenger Flights) မြန်မာနိုင်ငံ မှ/သို့ ပျံသန်းမှုကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ                        ပြည်ဝင်ခွင့်စည်းကမ်းသတ် မှတ်ချက်များနှင့်အညီ ၁၇-၄-၂၀၂၂ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) မြန်မာစံတော်ချိန် ၀၀၀၀ နာရီမှစတင်၍ ပြန်လည်ပြေးဆွဲပျံသန်း                   ခြင်း တို့ဖြစ်ပါသည်။ 

YACL အနေဖြင့် လေဆိပ်အသုံးပြုသူများအတွက် လုံခြုံစိတ်ချမှုရှိပြီး သန့်ရှင်းသည့် ခရီးသွား၀န်းကျင်တစ်ခု ဖြစ်စေရန် ပြည်သူ့ကျန်းမာရေး (Public Health Safety) အတွက် လိုအပ်သောလုပ်ဆောင်ချက်များနှင့် စံသတ်မှတ်ချက်များကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ခရီးသွားများ၊ လေကြောင်းလိုင်း၀န်ထမ်းများနှင့် လေဆိပ်၀န်ထမ်းများအားလုံး လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ နှင့် ခရီးသွားလာမှုဆိုင်ရာ ညွှန်ကြားချက်များကို သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးသည်နှင့်တပြိုင်နက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တရား၀င်စာမျက်နှာများတွင် ထပ်မံဖော်ပြပေးသွားပါမည်။

Read more


© Copyright 2018 by Yangon Aerodrome.