Temporary Closure of Gate (4) at Domestic Terminal

[English Below]

𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫 𝐀𝐥𝐞𝐫𝐭: ပြည်တွင်းခရီးသည်များအတွက် ဝင်ပေါက် နှင့် ထွက်ပေါက် ဖြစ်သော Terminal 3 ရှိ Gate-4 အား ယာယီပိတ်ထားခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာမည့်မိုးရာသီကာလအတွင်း ခရီးသည်များနှင့် လေဆိပ်အသုံးပြုသူများ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် Terminal 3 ရှိ Gate 4 တွင်အမိုးအကာအား တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ်၊ မေလ (၂၁) ရက် (သောကြာနေ့) မှ မေလ (၃၀) ရက် (တနင်္ဂနွေနေ့) အထိ ပြည်တွင်းလေဆိပ် Gate-4 အား ယာယီပိတ်ထားမည်ဖြစ်ပါသည်။
တိုးချဲ့လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်များအနေဖြင့်

• Gate 1 နှင့် 2 ကို ဝင်/ထွက်ပေါက် အဖြစ်လည်းကောင်း
• Gate 3 ကို ထွက်ပေါက် အဖြစ်လည်းကောင်း အသုံးပြုသွားပါရန် အသိပေးအပ်ပါသည်။

လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များ သွားလာရေးလွယ်ကူအဆင်ပြေစေရန် ကားရပ်နားရာနေရာ နှင့် T3 ပလက်ဖောင်းများအကြား စီစဉ်ထားရှိပြီးဖြစ်သော အမိုးပါ လျှောက်လမ်းအား အဆိုပါယာယီကာလအတွင်း အသုံးပြုနိုင်ပါသည်။ ယာဉ်ရပ်နားရာနေရာအား အသုံးပြုသူများအနေဖြင့်လည်း သတ်မှတ်ထားသော ယာဉ်ရပ်နားရမည့်နေရာကိုသာ အသုံးပြုရပ်နားပေးကြရန်လည်း YACL မှ တိုက်တွန်းအပ်ပါသည်။

ခရီးသည်များအနေဖြင့် လတ်တလောကာလအတွင်း အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့ပါက သည်းခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခရီးသည်များအားလုံး ဘေးကင်းကျန်းမာကြပါစေ။

Traveler Alert: Temporary Closure of Gate (4) at Domestic Terminal

To all our valued passengers,

To provide better facilities for the domestic airport users during the coming rainy season, the existing canopy is now under upgrading service at Gate 4, Terminal 3. The closure period will be from 21st May to 30th May 2021.

Airport users are kindly advised to utilize;

  • Gate 1 or 2 for entrance/exist and
  • Gate 3 for exist only purpose

For your convenience, please use the provided passageway to access between the Terminal-3 curbside and car park during the upgrading period. YACL advised all car park users to follow the defined parking spots for stopping the cars.

YACL apologizes for any inconvenience that may have caused during the upgrading period.

Thank You, and Stay Safe!

Web


© Copyright 2018 by Yangon Aerodrome.