[English Below]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲလျှက်ရှိသော Yangon Aerodrome Company Limited (YACL) သည် IndiGo လေကြောင်းလိုင်း၏ အကြိမ်ရေ (၁၀၀) ပြည့်အဖြစ် ပျံသန်းပြေးဆွဲလာသော ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ် (Cargo Flight) ၊ ခရီးစဉ်အမှတ် 6E-9960 အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယနေ့ ကြိုဆိုခဲ့ပါသည်။
ဤကပ်ဘေးကာလအတွင်း၌ ပျံသန်းပြေးဆွဲခဲ့သော IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များ (non-scheduled charter flights) သည် ယနေ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ၌ ပျံသန်းပြေးဆွဲမှု အကြိမ်ရေ (၁၀၀) ပြည့်မြောက်ခဲ့ခြင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
အိန္ဒိယနိုင်ငံ၏ မြို့တော် ကာလကတ္တား နှင့် ရန်ကုန် ချိတ်ဆက် ပျံသန်းပြေးဆွဲနေသည့် IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များ (non-scheduled charter flights) ကို ၂၀၂၀ ခုနှစ်၊ မေလ (၁) ရက်နေ့မှစ၍ ပျံသန်းပြေးဆွဲခဲ့ပြီး၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အခြေခံလူသုံးကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခဲ့သည်။
[English Below]
ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား နိုဝင်ဘာလ (၃၀) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ပြည်တွင်းကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်း Terminal - 3 ရှိ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှု ရပ်ဆိုင်းကာလကို (၁၅-၁၁-၂၀၂၀) မှ (၃၀-၁၁-၂၀၂၀) အထိ တိုးမြှင့် သတ်မှတ်ထားကြောင်း အသိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ ခရီးသည်များအနေဖြင့် မိမိတို့၏ ပြည်တွင်းလေကြောင်းခရီးစဉ်ပြောင်းလဲမှုများနှင့် အသေးစိတ် ကိစ္စရပ်များအတွက် ဖော်ပြပါ သက်ဆိုင်ရာလေကြောင်းလိုင်းအသီးသီး၏ တရားဝင် Facebook စာမျက်နှာ နှင့် Website များမှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါရန် အကြုံပြုအပ်ပါသည်။
မိဘပြည်သူများအားလုံး COVID-19 ရောဂါ ဘေးအန္တရာယ်မှ ကင်းရှင်းကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။
[English Below]
ရန်ကုန် - မြန်မာ၊ အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်များကို ထပ်မံတိုးမြှင့်လိုက်သည်။
[English Below]
Domestic Travel Advisory: ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုများရပ်ဆိုင်းမှု အောက်တိုဘာလ (၃၁) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်နှင့် ချမှတ်ထားသောကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို ထိထိရောက်ရောက် လိုက်နာနိုင်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်း Terminal - 3 တွင် ပျံသန်းပြေးဆွဲနေသော ပြည်တွင်းလေကြောင်းလိုင်းများအားလုံး၏ ပုံမှန်လေကြောင်းခရီးစဉ်များအား (၂-၁၀-၂၀၂၀) မှ (၃၁-၁၀-၂၀၂၀) အထိ ထပ်မံ၍ တိုးမြှင့်ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။
ခရီးသည်များအနေဖြင့် မိမိတို့၏ ပြည်တွင်းခရီးစဉ်ပြောင်းလဲမှုများနှင့် အသေးစိတ်အကြောင်းအရာများအတွက် ဖော်ပြပါ သက်ဆိုင်ရာလေကြောင်းလိုင်းများ၏ တရားဝင် Facebook စာမျက်နှာ နှင့် Website များတွင် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါရန် အကြုံပြုအပ်ပါသည်။
မိဘပြည်သူများအားလုံး တတ်နိုင်သမျှ မိမိတို့နေအိမ်တွင်သာနေထိုင်ခြင်းဖြင့် COVID – 19 ကို အတူတကွ တိုက်ထုတ်ကြပါစို့။
(1) Air Thanlwin
www.airthanlwin.com
www.facebook.com/airthanlwin
(2) Air KBZ
www.airkbz.com
www.facebook.com/AIRKBZ
(3) Golden Myanmar Airlines
www.gmairlines.com
www.facebook.com/GMAirlines
(4) Mann Yadanarpon Airlines
www.airmyp.com
www.facebook.com/MannYadanarPonAirlines
(5) Myanmar National Airlines
www.flymna.com
www.facebook.com/MyanmarNationalAirlines
[English Below]
ရန်ကုန် - မြန်မာ၊ စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဥ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို အောက်တိုဘာလ (၃၁) ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီ အထိ ထပ်မံတိုးမြှင့်လိုက်သည်။
[Travel Advisory]
PASSENGER SERVICE CHARGE (PSC) UPDATE
Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.
This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.
Passengers who purchased tickets before the 12 May, 2025, are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.
We appreciate your understanding and cooperation.