YACL team extended a welcome to flight number 6E-9960, IndiGo’s 100th cargo flight at Yangon International Airport.

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲလျှက်ရှိသော Yangon Aerodrome Company Limited (YACL) သည် IndiGo လေကြောင်းလိုင်း၏ အကြိမ်ရေ (၁၀၀) ပြည့်အဖြစ် ပျံသန်းပြေးဆွဲလာသော ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ် (Cargo Flight) ၊ ခရီးစဉ်အမှတ် 6E-9960 အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယနေ့ ကြိုဆိုခဲ့ပါသည်။

ဤကပ်ဘေးကာလအတွင်း၌ ပျံသန်းပြေးဆွဲခဲ့သော IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များ (non-scheduled charter flights) သည် ယနေ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ၌ ပျံသန်းပြေးဆွဲမှု အကြိမ်ရေ (၁၀၀) ပြည့်မြောက်ခဲ့ခြင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

အိန္ဒိယနိုင်ငံ၏ မြို့တော် ကာလကတ္တား နှင့် ရန်ကုန် ချိတ်ဆက် ပျံသန်းပြေးဆွဲနေသည့် IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်ခရီးစဉ်များ (non-scheduled charter flights) ကို ၂၀၂၀ ခုနှစ်၊ မေလ (၁) ရက်နေ့မှစ၍ ပျံသန်းပြေးဆွဲခဲ့ပြီး၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အခြေခံလူသုံးကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခဲ့သည်။

Today, the YACL team extended a welcome to the flight number 6E-9960, IndiGo’s 100th cargo flight, at Yangon International Airport.YIA advises our airport users to contact with respective airlines or agents for your travel schedule and updates.

YIA congratulates IndiGo (6E) for marking its 100th cargo flight on 18 Nov 2020 during the pandemic period.

Since 1 May 2020, Indigo has been operating non-scheduled charter flights for cargo operation, transporting medical supplies and essentials between Kolkata and Yangon.

#AirIndiGo #CargoFlights #YangonInternationalAirport #YIA #YACL

Indigo 1

Web 2


© Copyright 2018 by Yangon Aerodrome.