[English Below]

Domestic Travel Advisory: ပြည်တွင်းလေကြောင်းခရီးစဉ်များယာယီရပ်နား

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်း Terminal-3 ရှိ ပြည်တွင်းလေကြောင်းလိုင်းများအားလုံး၏ ပျံသန်းမှုခရီးစဉ်များအား (၁၁-၉-၂၀၂၀) မှ (၁-၁၀-၂၀၂၀) အထိ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ပါသောကြောင့် ခရီးသည်များအနေဖြင့် မိမိတို့၏ ပြည်တွင်းခရီးစဉ် စီစဉ် ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများ၏ တရားဝင် Facebook စာမျက်နှာ နှင့် website များတွင် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါရန် အကြုံပြုအပ်ပါသည်။

YACL အနေဖြင့် လေဆိပ်အသုံးပြုသူခရီးသည်များ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် လေဆိပ်အတွင်း ကျန်းမာရေးဆိုင်ရာကာကွယ်မှု အစီအမံများကို ဆက်လက် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(1) Air Thanlwin
www.airthanlwin.com
www.facebook.com/airthanlwin

(2) Air KBZ
www.airkbz.com
www.facebook.com/AIRKBZ

(3) Golden Myanmar Airlines
www.gmairlines.com
www.facebook.com/GMAirlines

(4) Mann Yadanarpon Airlines
www.airmyp.com
www.facebook.com/MannYadanarPonAirlines

(5) Myanmar National Airlines
www.flymna.com
www.facebook.com/MyanmarNationalAirlines

Read more

[English Below]

ရန်ကုန် - မြန်မာ၊ သြဂုတ်လ ၂၆ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက် တွင် ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ( ၃၀ )ရက်နေ့ အထိ ထပ်မံတိုးမြှင့်လိုက်သည်။

Read more

[English Below]

ရန်ကုန် - မြန်မာ၊ ဇူလိုင်လ ၂၉ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို သြဂုတ်လ ၃၁ ရက် ၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်ပါသည်။

Read more

[English Below]

ရန်ကုန် - ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ၏ အဓိကလေကြောင်းခရီးသွားလာမှု ဝင်ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၂၀ ခုနှစ်၏ ပထမ ၆ လတာ ကာလ (ဇန်နဝါရီလ မှ ဇွန်လ) အတွင်း ပြည်တွင်းပြည်ပခရီးသည် အရေအတွက် ၁.၅ သန်းကို လက်ခံဝန်ဆောင်မှုပေးခဲ့ပြီး ယခင်နှစ်ကာလတူတွင် လက်ခံ ဝန်ဆောင်မှုပေးခဲ့သော ခရီးသည်ပမာဏနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

Read more

[English Below]

ရန်ကုန် - မြန်မာ၊ ဇွန်လ ၂၈ ရက် ၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ဇူလိုင်လ ၃၁ ရက် ၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်ပါသည်။    

Read more

Subcategories

[Travel Advisory]

PASSENGER SERVICE CHARGE (PSC) UPDATE

Effective May 12, 2025, the Passenger Service Charge (PSC) will be adjusted to USD 25 for international departures and MMK 15,000 for domestic departures.

This change applies to all tickets purchased before 12 May 2025, if your travel date is on or after the mentioned date.

Passengers who purchased tickets before the 12 May, 2025,  are advised to contact their respective airlines or travel agencies for further information OR to pay at designated payment counters located in Terminal.

We appreciate your understanding and cooperation.

YIA Web


© Copyright 2018 by Yangon Aerodrome.