Yangon International Airport Resumes Domestic Air Links

[English Below]

ရန်ကုန် - မြန်မာ၊ ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၀ ခုနှစ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ပြည်တွင်းလေဆိပ်တွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသော ပြည်တွင်းလေကြောင်းလိုင်းငါးခုအနက် မြန်မာအမျိုးသားလေကြောင်းလိုင်း နှင့် Air KBZ လေကြောင်းလိုင်းတို့သည် ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၎င်းတို့၏ပုံမှန်လေကြောင်းခရီးစဉ်များကို စတင် ပြေးဆွဲပျံသန်းခဲ့သည်။

ပြည်တွင်းလေကြောင်းလိုင်းများ စတင်ပြေးဆွဲပျံသန်းခဲ့သည့် ပထမနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသော YACL သည် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးစဉ်တစ်ကြောင်း ၊ Air KBZ လေကြောင်းလိုင်းမှ ခရီးစဉ်သုံးကြောင်း၊ စုစုပေါင်းခရီးစဉ်လေးကြောင်းတို့မှ ဆိုက်ရောက်/ထွက်ခွာ ခရီးသည်အရေ အတွက် ၁၆၄ ယောက်ကို ၀န်ဆောင်မှုပေးနိုင်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လေကြောင်းခရီးစဉ်ကိုးခုဖြင့် ယမန်နေ့ထက် နှစ်ဆကျော်ခန့် ထပ်တိုး၀န်ဆောင်မှုပေးနိုင်ရန် လျာထားပါသည်။

 

Yangon, Myanmar, 17 December 2020 – Domestic Terminal (T3) of Yangon International Airport resumed its domestic air connectivity with a total of four flights operated by the Myanmar National Airlines and Air KBZ starting from yesterday, 16 December 2020.

In the Domestic Terminal (T3), YACL, the operator of YIA served one MNA flight and three Air KBZ flights with 164 passengers including inbound and outbound on the first day of resuming service, expected to welcome another nine flights, slightly more than a double increase of flight data today.

 

Download Myanmar Press Release here.

Download English Press Release here. 

 

1 2 3 4 

5 6 7 8 9  10 11 12 13 14 15 16

 

 


© Copyright 2018 by Yangon Aerodrome.