Suspension of International Flights Operation extended till 31 January 2021

INTERNATIONAL TRAVEL ADVISORY

[English Below]

အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား ဇန်နဝါရီလ (၃၁) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် မူလသတ်မှတ်ထားသည့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။

 

 ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းကိုမူ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သက်ဆိုင်ရာမှ အကြံပြု ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြည်တွင်း(Terminal 3 )၌ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဤကန့်သတ်ကာလအတွင်းတွင် အရေးပါသော ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များပျံသန်းပြေးဆွဲမှုကို စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးလျက်ရှိကာ လူထုကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

** ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ်များအကြောင်း အသေးစိတ် ထုတ်ပြန်ချက်များကို သက်ဆိုင်ရာ လေကြောင်းလိုင်းများ၏ တရားဝင်စာမျက်နှာများတွင် ကြည့်ရှုနိုင်ပါသည်။

 

Suspension of International Flights Operation extended till 31 January 2021

According to the notice from the Department of Civil Aviation issued on 31 December 2020, the earlier restrictions for all international airlines operating air services to and from the Yangon International Airport have been further extended up to 31 January 2021, 2359 Hours MST.

To continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has approved further to extend the effective period of the Temporary Measures.

However, the Domestic operations have resumed on 15 December, in compliance with all recommended practices from the authority.

YIA remains committed to supporting the operation of medical evacuation, relief, and all-cargo flights during this challenging period.

**For Domestic Flights, travelers are suggested to check with respective carriers or travel agents for updates.

 

Web

 


© Copyright 2018 by Yangon Aerodrome.