Yangon International Airport Personnel Complete Airports Council International’s Global Safety Network Diploma Programme

[English Below]

Airports Council International (ACI) ၏ Global Safety Network (“GSN”) Diploma Programme သင်ရိုးတစ်ခုလုံးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ထမ်းများ အောင်မြင်စွာ သင်ယူပြီးမြောက်ကြောင်း Yangon Aerodrome Company Limited (YACL) မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။

အဆိုပါ “GSN” Diploma Programme အား တက်ရောက်ပြီးစီးကြသော ဝန်ထမ်းများအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသော YACL မှ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပါသည်။ Certification Program တက်ရောက်သူများနှင့်အတူ Gold Diploma နှင့် Silver Diploma ရရှိမည့် သင်တန်းသားများအတွက်လည်း YACL မှ အထူး ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါသည်။

အဆိုပါ programme သင်ကြားပြီးစီးခြင်းဖြင့် YACL မှ Safety Manager များ၊ Operations ၊ Engineering နှင့် Maintenance ဌာနများမှ ဝန်ထမ်းများအနေဖြင့် လေဆိပ်တွင်း ဘေးကင်းလုံခြုံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် လိုအပ်သော အသိပညာ၊ ဗဟုသုတများကို ပိုမိုသိရှိနားလည်၍ လေဆိပ်လည်ပတ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုဘေးကင်းလုံခြုံမှုရှိပြီး မြန်ဆန်ထိရောက်မှုရှိလာစေမည်ဖြစ်ပါသည်။

ACI Instructor ဖြစ်သူ Mr. Chris Walsh မှလည်း “အခုလို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကနေတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နေတဲ့ YACL ရဲ့ လုပ်ဆောင်ချက်တွေကို မြင်တွေ့ရတာ အားတက်စရာပါပဲ။ ဒါဟာ ရင်းနှီးမြှပ်နှံမှုကဏ္ဍရော၊ စီမံခန့်ခွဲမှုကဏ္ဍအနေနဲ့ပါ ကြီးမားတဲ့ အားထုတ်လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ လုပ်ငန်းခွင်အတွင်းမှာ အသုံးချလုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့ Diploma Programme တစ်ခုလုံးကို ပြီးဆုံးသည်ထိ တက်ရောက်အောင်မြင်ခဲ့တဲ့ အာရှဒေသတွင်း ပထမဆုံးလေဆိပ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သင်တန်းကာလအတွင်း သင်တန်းတက်ရောက်သူတွေရဲ့ အားတက်သရောပါဝင်ဆွေးနွေးမှုတွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်မှုတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ရော မြန်မာနိုင်ငံရဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်ပါ ပိုမိုတိုးတက်လာစေဖို့ လမ်းစတစ်ခုပါပဲ။ သင်တန်းတက်ရောက်အောင်မြင်ခဲ့တဲ့ သင်တန်းသားအားလုံးအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

 

Yangon Aerodrome Company Limited (“YACL”), operator of YIA, is pleased to announce the completion of the full Airports Council International’s Global Safety Network (“GSN”) Diploma Programme (the “Programme”) today.

YACL congratulates all participants of the Programme for completing the module(s). YACL is especially proud of participants will be graduating with Gold and Silver Diploma together with certification programs.

The completion of the Programme gives YACL’s Safety managers, Operations and Engineering & Maintenance personnel the knowledge needed to implement and improve the safety procedures at the airport, which will significantly enhance its overall operational safety and efficiency.

 

Download Myanmar Press Release here.

Download English Press Release here.

1

02

03

04

05

06

07

08

09

10

11

12


© Copyright 2018 by Yangon Aerodrome.