Ruili Airlines Resumes its Yangon - Nanning - Yangon Commercial Flights to Yangon International Airport

[English Below]

Ruili Airlines ၏ ရန်ကုန် - နန်နင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲ

ရန်ကုန် - ဇူလိုင်လ (၁) ရက်နေ့၊ (၂၀၂၄) ခုနှစ် - Ruili Airlines ၏ ရန်ကုန် - နန်နင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမှုကို ယနေ့ (၂၀၂၄) ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ပြီဖြစ်ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် ဒေသစံတော်ချိန် နေ့လည် (၂) နာရီ (၅၀) မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့မှ ပျံသန်းဆိုက်ရောက်လာသော Ruili Airlines ၏ လေယာဉ်အမှတ် - DR 5019 အား ဝမ်းမြောက်စွာ ကြိုဆိုခဲ့ပြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

Ruili Airlines မှ ရန်ကုန်မြို့ နှင့် နန်နင်းမြို့အကြား အပတ်စဉ် တနင်္လာနေ့တိုင်း (တစ်ပတ်လျှင် ၁ ကြိမ်) တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို https://www.rlair.net တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Ruili Airlines Resumes its Yangon - Nanning - Yangon Commercial Flights to Yangon International Airport

Yangon - 1 Jul, 2024 - Ruili Airlines marks its recommencement of scheduled commercial flights to Myanmar on 1st Jul 2024 at Yangon International Airport. YIA warmly welcomed the return of Ruili Airlines Flight No. DR 5019 from Nanning, the People's Republic of China to Yangon at the scheduled ETA of 14:50 hours. Passenger on arrival were gifted by YACL.

The weekly flights (Mon) of Ruili Airlines now operate between Yangon and Nanning. Travelers are advised to check with https://www.rlair.net for updates on schedules.

web1

web2

web3

web4

web5


© Copyright 2018 by Yangon Aerodrome.