Domestic Travelers' Advisory: Standard Operation Procedure - SOP [Version-2.2]

Update: 19 March 2021

ပြည်တွင်း ပုံမှန် လေကြောင်းခရီးစဉ်များ ပြေးဆွဲရာတွင် လိုက်နာရမည့် ကျန်းမာရေးစံသတ်မှတ်ချက်များ

Standard Operation Procedure - SOP [Version-2.2] အရ ခရီးသည်များအနေဖြင့် ပြည်တွင်း လေကြောင်း ခရီးစဉ်များတွင် လိုက်ပါစီးနင်းရန် လေယာဉ်လက်မှတ်များကို ပြည်တွင်း Ticketing Agents များတွင် ဖြစ်စေ၊ သက်ဆိုင်ရာလေကြောင်းလိုင်းများနှင့် Online Agents များတွင် မည်သည့် ကျန်းမာရေးထောက်ခံချက်မျှ မလိုအပ်ပဲ ဝယ်ယူကာ စီးနင်းနိုင်ပြီ ဖြစ်ပါသည်။

သို့ရာတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း၊ ပိုးတွေ့လူနာနှင့် ရက်သတ္တပါတ် (၂) ပါတ်အတွင်း ထိတွေ့ခဲ့ခြင်း အစရှိသည့် COVID-19 သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ နှင့် အခြေအနေများ အလုံးစုံ ကင်းစင်မှသာ သတ်မှတ်လေကြောင်းခရီးစဉ်တွင် လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ပါသည်။

လေကြောင်းခရီးစဉ်များတွင် စီးနင်းလိုက်ပါမည့် ခရီးသည်များအနေဖြင့် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို မိမိစီးနင်းမည့် သက်ဆိုင်ရာ လေကြောင်းလိုင်းများထံ စုံစမ်းနိုင်ပါသည်။


Domestic Travelers' Advisory: Standard Operation Procedure - SOP [Version-2.2]

According to the Standard Operation Procedure - SOP [Version-2.2], domestic travelers can purchase the domestic air ticket at local ticketing agents, airliners, or online ticketing agents and is no longer required to submit a health certificate.

However, for travelers with a history of fever, cough, sudden loss of odor, or contact with an infected patient within two weeks period of time will not be allowed on board.

For more details, the domestic travelers are advised to contact respective airlines for travel arrangements.

Web


© Copyright 2018 by Yangon Aerodrome.