SAFETY ADVISORY & PUBLIC REMINDER

[English Below]

ဘေးအန္တရာယ်ကင်းရှင်းရေးသတိပေးချက် နှင့် အများပြည်သူသို့ အသိပေးပန်ကြားချက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပရဝုဏ်အတွင်း (သို့မဟုတ်) လေဆိပ်မှ ၅ ကီလိုမီတာ အကွာအဝေးအတွင်း စွန်လွှတ်ခြင်း အပြုအမူများ မပြုလုပ်ကြရန် ပန်ကြားခြင်း။

YACL ၏ Airside Operation Team သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပတ်လည်ဧရိယာ နှင့် ဝန်းကျင်ဒေသ၊ လေယာဉ်ပြေးလမ်း (RWY) အတွင်းရှိနေရာများတွင် နေ့စဉ် ပုံမှန် လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် များစွာသော အသုံးပြုပြီးစွန်များကို အမြဲ တွေ့ရှိနေရပါသည်။

စွန်လွှတ်ကစားခြင်းသည် ပျော်ရွှင်စိတ်အပန်းပြေဖွယ် ကစားနည်းတစ်ခုဖြစ်သော်လည်း လေဆိပ်အနီးတစ်ဝိုက်ပျံသန်းလွှတ်တင်လျက်ရှိသော စွန်များသည် လေယာဉ်ပျံသန်းပြေးဆွဲမှု လုံခြုံရေးစိတ်ချရေးအတွက် စိုးရိမ်ရသောအပြုအမူ နှင့် အနှောင့်အယှက်ဖြစ်စေသော အခြေအနေတစ်ရပ်ဖြစ်ပါသည်။

ထိုကဲ့သို့သောလုပ်ဆောင်မှုများသည် လေယာဉ်ပျံသန်းပြေးဆွဲခြင်း နှင့် လေဆိပ်အတွင်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကိစ္စရပ်များအတွက် ကြီးမားသော အန္တရာယ် နှင့် အမျိုးမျိုးသော မတော်တဆဖြစ်မှုသို့ ဦးတည်နိုင်စေပါသည်။

ထို့အပြင် အဆိုပါ လုပ်ဆောင်မှုများသည် လေကြောင်းဆိုင်ရာစီမံခန့်ခွဲမှုအတွက် အန္တရာယ်တစ်ရပ်အနေဖြင့်သာမက မတော်တဆဖြစ်မှုနှင့် ဆက်စပ်၍ အသက်အန္တရာယ်ကို ထိပါးလာစေ နိုင်သော ကိစ္စရပ်မျိုးဖြစ်သည့်အတွက် စွန်လွှတ်ကစားသူများအနေဖြင့် သတိပြုဆင်ခြင်သင့်ပါသည်။

သို့ဖြစ်ပါ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် အများပြည်သူလူထု နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး အဆိုပါ အန္တရာယ်ရှိသော လုပ်ဆောင်မှုနှင့် စပ်လျဉ်းပြီး သတိပြု မိနိုင်စေရန် နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတစ်ဝိုက် ၅ ကီလိုမီတာအတွင်းတွင် အဆိုပါ စွန်လွှတ်ခြင်းအပြုအမူများအား မပြုလုပ်ကြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပန်ကြားအပ်ပါသည်။

 

SAFETY ADVISORY & PUBLIC REMINDER

KITE FLYING IN THE VICINITY OF THE YANGON INTERNATIONAL AIRPORT (OR) WITHIN A 5KM RADIUS SHALL BE IMMEDIATELY SUSPENDED

The YACL Airside Operations Team recently observed several kites inside the airport perimeter, airport surrounding area, and runway (RWY). Although Kite flying is a fun and relaxing activity, Kites flying around Airports are a significant safety concern for the aircraft's operating.

Such activities create a substantial hazard for the Aerodrome Operations and the Aviation Industry, leading to a major incident/accident. Kite players should take such precautions in full awareness of any form of potential risks to aerodrome operation or even lives.

YACL kindly calls attention to the general public and relevant Authorities to be alerted that such activity presents a danger and should be banned in the vicinity of the Yangon International Airport in a 5 Km radius.

 

Kite Post Web

1 web

2 web

4 web

5 web


© Copyright 2018 by Yangon Aerodrome.