YACL, the operator of Yangon International Airport, donates charges received from the facilitation service of maintaining medical supplies required for polling stations during General Election 2020

[English Below]

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရုံသုံး ကျန်းမာရေးအထောက်အကူပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံ၊ ထိန်းသိမ်း၊ ထုတ်ပေးခြင်း အတွက် ကျသင့်သည့် ဝန်ဆောင်ခ၊ စရိတ်များအား ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသို့ လှူဒါန်းခဲ့။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ မဲဆန္ဒရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မဲရုံဝန်ထမ်းများ COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် နိုင်ငံတော်မှ မှာယူထားသည့် အရေအတွက်အားဖြင့် (၉၁,၂၃၉)၊ စုစုပေါင်း တန်ချိန်အားဖြင့် (၁,၂၂၆) တန်ချိန်ရှိသော ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း (၁၂) မျိုးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ YACL Air Cargo Terminal သို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့မှစ၍ ရောက်ရှိခဲ့ကြပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲလျက်ရှိသော Yangon Aerodrome Company Limited (YACL) ၏ Air Cargo Terminal အနေဖြင့် အဆိုပါ မဲဆန္ဒရုံသုံး ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား "လက်ခံထိန်းသိမ်းရေးနှင့်ထုတ်ပေးရေးအဖွဲ့" နှင့်အတူ ပူးပေါင်းကူညီကာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ချောမွေ့စနစ်ကျစွာ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထပ်မံ၍ YACL ၏ Air Cargo Terminal အနေဖြင့် အဆိုပါ မဲဆန္ဒရုံသုံး ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား လက်ခံ၊ ထိန်းသိမ်း၊ ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ လမ်းညွှန်ချက်ပါ သတ်မှတ်နှုန်းထားများအတိုင်း တွက်ချက်ထားသော Warehouse Charges / Equipment & Services Charges / Labour Charges များအတွက် စုစုပေါင်း ကျသင့်တန်ဖိုးငွေ သိန်းကိုးရာ လေးဆယ့်နှစ်သိန်း ခုနှစ်သောင်း ခြောက်ထောင့် ရှစ်ရာ့လေးဆယ်ကျပ် (၉၄,၂၇၆,၈၄၀ ကျပ်) အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ လှူဒါန်းခဲ့ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲလျက်ရှိသော YACL အနေဖြင့် ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်း နှင့် ဖော်ပြပါ အထွေထွေကုန်ကျစရိတ်အား နိုင်ငံတော်အစိုးရ သို့ ပြန်လည်လှူဒါန်းခွင့်ရရှိခဲ့ခြင်းတို့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

 

YACL, the operator of Yangon International Airport, donates charges received from the facilitation service of maintaining medical supplies required for polling stations during General Election 2020

To prevent the transmission of COVID-19 to the polling station staffs during the General Election, which was held on 8 November 2020, the flights carrying a total of 91,239 boxes, including twelve medical supplies (1,226 in tons), purchased by the Republic of the Union of Myanmar, arrived at the Air Cargo Terminal since 17 October 2020.

YACL’s Air Cargo team collaborated with relevant parties and smoothly handled, distributing the medical supplies to the designated Regions and States promptly.

Following the Department of Civil Aviation and Ministry of Transport and Communications’ guidelines, YACL collected 94,276,840 in MMK (Ninety-four million Two hundred Seventy-six thousand Eight hundred and Forty Kyats) for total charges including Warehouse Charges, Equipment & Service Charges, and Labour Charges.

YACL is proud to donate the amount that was received for the facilitation service to the Republic of the Union of Myanmar, and as the operator of Yangon International Airport, YACL is grateful to contribute to the government.

3

3

1

5

8

9

6

7

4 


© Copyright 2018 by Yangon Aerodrome.