Yangon International Airport (YIA) has installed an additional security screening checkpoint facility in Terminal 3

[English Below]

ခရီးသည်များကို လုံခြုံရေးစစ်ဆေးမှုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် စောင့်ဆိုင်းချိန်လျော့ကျစေပြီး ပိုမိုအဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရန်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း Terminal ( Gate 3 ) တွင် လုံခြုံရေးစစ်ဆေးမှုစက်ကိရိယာများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) အား စီမံခန့်ခွဲ ဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (YACL) မှ ထပ်မံဖြည့်တင်းထားရှိပြီး တိုးမြှင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အဆိုပါထပ်မံဖြည့်တင်း ထားမှုဖြင့် ယခုအခါ ပြည်တွင်း Terminal အဆောက်အအုံရှိ အဓိကဝင်ပေါက်အားလုံးတွင် လုံခြုံရေးစစ်ဆေးမှုကိရိယာများ တပ်ဆင်ပြီးစီး၍ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နေပါသည်။

ပြည်တွင်း Terminal တွင် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပြည်တွင်းလေကြောင်းခရီးစဉ် ၆၀ ခန့်ကို ပျံသန်းပြေးဆွဲလျက်ရှိပြီး ရန်ကုန်မှ မြန်မာနိုင်ငံအနှံ့အပြားသို့ လေကြောင်းလိုင်းငါးလိုင်းမှ ပျံသန်း‌ပြေးဆွဲလျက်ရှိပါသည်။ ၂၀၂၀ ခုနှစ်မှစ၍ နေ့စဉ်ခရီးသည်ပေါင်း ၇၄၀၀ ခန့် ပြည်တွင်း Terminal တွင် ဝင်ထွက်သွားလာလျက်ရှိပါသည်။ လုံခြုံရေးစစ်ဆေးသည့် နေရာကို ထပ်မံဖြည့်တင်းထားခြင်းအားဖြင့် ခရီးသည်များ လုံခြုံရေးစစ်ဆေးခံရာတွင် စောင့်ဆိုင်းချိန်ကို သိသာစွာလျော့နည်းသွားစေပြီး လေဆိပ် ဝန်ဆောင်မှုပိုမိုတိုးတက်လာစေကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်း လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းများနှင့် လိုအပ်ချက် များကို ဆက်လက်တိုးမြှင့်ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဝန်ဆောင်မှုအရည်အသွေးများနှင့် ဘေးကင်းလုံခြုံမှုမြှင့်တင်ရန် YACL မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Yangon Aerodrome Company Limited (YACL), operator of Yangon International Airport (YIA), has installed an additional security screening checkpoint facility in Terminal 3 - the airport's domestic terminal - to facilitate the flow of passenger traffic reduce waiting time. This now brings the number of screening devices in the terminal to four (4).

The Terminal 3 handles 60 domestic flights daily on average, with five (5) airlines currently operating routes that connect Yangon to the rest of Myanmar. Since the start of 2020, around 7400 passengers travel through the terminal daily. The added security screening checkpoint has significantly reduced passenger queuing waiting times and has increased the level of service, maintaining the safety and security civil aviation standards and requirements at the airport.

YACL will continue to implement initiatives to raise the quality of service and security in YIA.

 MG 0077

 MG 0133

 MG 0144

 

 


© Copyright 2018 by Yangon Aerodrome.