Yangon Aerodrome Company Limited Enhances Air Links Between Myanmar And India After Successful Roadshow in Kolkata

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (“YACL”) မှ စီစဉ်ဆောင်ရွက်သော ခရီးသွားပြပွဲကို ကာလကတ္တားမြို့၌ ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆက်နွယ်မှုများ များပြားသော မြန်မာ - အိန္ဒိယနှစ်နိုင်ငံကြား လေကြောင်းခရီးသွားလာရေးကဏ္ဍတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရှိ JW Marriot Hotel တွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါခရီးသွားပြပွဲကို YACL နှင့် အိန္ဒိယလေကြောင်းလိုင်းဖြစ်သော IndiGo တို့မှ ပူးတွဲစီစဉ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများအပါအဝင် လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါခရီးသွားပြပွဲကို ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော ခရီးသည်များအတွက် မြန်မာနိုင်ငံအစိုးရမှ ဆိုက်ရောက်ဗီဇာခွင့်ပြုပေးလိုက်ပြီးသည့်နောက် မကြာမီကာလအပိုင်းအခြားအတွင်းမှာပင်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

 

Yangon Aerodrome Company Limited (“YACL”), the operator of Yangon International Airport (“YIA”), successfully concluded today its inaugural roadshow in Kolkata to enhance air links between Myanmar and India – two countries which enjoy rich historical and cultural ties.

The one-day roadshow at JW Marriot Hotel jointly organized by YACL and Indian airline operator IndiGo attracted participants from the aviation and hospitality industries, including delegates from Myanmar Tourism Marketing. The roadshow was organized shortly after the Myanmar government granted visas-on-arrival to Indian passport holders in 2018.

 

Download Myanmar Press Release here.

Download English Press Release here.

 

1 MG 4429 MG 4430 MG 4597 MG 4613 MG 4712 MG 4792 MG 4846 MG 4908 MG 4992


© Copyright 2018 by Yangon Aerodrome.