Yangon International Airport conducted a fire drill at International Terminal

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် International Terminal တွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်မှု ကို ယနေ့ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။ အဆိိုပါလေ့ကျင့်မှုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မီးဘေးအန္တရာယ်လုံခြုံစိတ်ချရမှု၊ အရေး ပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို အစမ်းလေ့ကျင့်ခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အသုံးပြုသူခရီးသည်များနှင့် လေဆိပ်တွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံမှုအတွက် ယုံကြည်စိတ်ချရမှုတို့ကို စဉ်ဆက်မပြတ်သိရှိနားလည်နိုင်စေရန် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အဆိုပါ လေ့ကျင့်မှုတွင် မီးလောင်မှုဖြစ်ပွားရာနေရာမှ အရေးပေါ်အချက်ပေးသံထွက်ပေါ်လာပြီး International Terminal မြေအောက်ထပ်ရှိ လေဆိပ်ဝန်ထမ်းများအားလုံးကို အရေးပေါ်ထွက်ပေါက်များမှ ဘေးကင်းရာနေရာသို့ စနစ်တကျ ထွက်ခွာစေခြင်း၊နှင့် မီးသတ်အဖွဲ့ဝင်များမှ သရုပ်ပြမီးငြိမ်းသတ်မှုများဆောင်ရွက်ခဲ့ပါသည်။
လေ့ကျင့်မှုဆောင်ရွက်နေစဉ်ကာလအတွင်း လူကြီးမင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါသည်။

A fire drill was held earlier today at International Terminal of YIA. This drill was conducted to promote fire safety and emergency preparedness and highlights YIA’s commitment to the safety and security of its valued passengers and stakeholders.


The drill involved a team of firefighters who responded to a fire incident using extinguishers. The fire triggered a fire alarm, leading to a mass evacuation of YIA staff in the basement of International Terminal. The staff evacuated the basement in an orderly fashion.


We thank the public for their cooperation during the fire drill.

 

Download Myanmar Press Release Here

Download English Press Release Here

 

 MG 8470 MG 8395 MG 8434  MG 8430  IMG 1768 MG 8449

 


© Copyright 2018 by Yangon Aerodrome.