Yangon International Airport Enhances Stakeholder Partnerships; Plans to Boost Global Network

[English Below]

တိုးတက်လာသည့် ခရီးသည်ပမာဏကို လက်ခံဝန်ဆောင်မှုပေးနိုင်ရန် လေဆိပ် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ထားရှိပြီး နိုင်ငံတကာလေကြောင်းဆက်သွယ်မှုများ တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက် လျက်ရှိသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၄င်း၏ မိတ်ဖက်လေကြောင်းလိုင်းများ၊ လေဆိပ်ရှိ လုပ်ငန်းစု များမှ တာဝန်ရှိသူများအား ဖိတ်ကြား၍ မိတ်ဆုံစားပွဲကို ၂၉ရက်၊ ဇန်နဝါရီလ၊ ၂၀၁၉ ခုနှစ် ညနေခင်းအချိန်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ညစာစားပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Domestic Terminal ရှိ Mingalar Sky Lounge တွင် ကျင်းပပြု လုပ်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်၊ ဒုတိယညွှန်ကြား ရေးမှူး ဦးရဲထွဋ်အောင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ မိတ်ဖက်လေကြောင်းလိုင်းများ၊ မိတ်ဖက်လုပ်ငန်းရှင် များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများအား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited (YACL) မှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းကူညီဆောင်ရွက်ပေးလျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။

 

YIA hosted a get-together in appreciation of its airline partners as it plans to increase international connectivity through facility upgrades and airline partnership enhancements on 29th January 2019.

The event was held at Mingalar Sky Lounge Domestic Terminal, graced by Department of Civil Aviation Director-General U Min Lwin and Deputy Director U Ye Htut Aung, YIA’s airline partners, business partners, and YIA team.

Yangon Aerodrome Company Limited (“YACL”), operator of YIA, expressed their gratitude for their partners as they continue to support the growth of tourism and civil aviation in the country.

 

Download Myanmar Press Release

Download English Press Release

 

IMG 0788IMG 0811IMG 0818IMG 0820IMG 0823IMG 0841IMG 0843IMG 0847IMG 0849IMG 0858IMG 0858IMG 0906IMG 0909IMG 0914IMG 0931IMG 0955

 


© Copyright 2018 by Yangon Aerodrome.