YACL initiated CSR activities together with its 3rd Anniversary Celebration

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား YACL မှ လွှဲပြောင်းတာဝန်ယူကာ ဝန်ဆောင်မှု ပေးခဲ့သည့် (၃) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လိုအပ်ချက်များအနက်မှ ပညာရေး နှင့် ကျန်းမာရေးထောက်ပံ့ မှုများ ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ နှင့် ဒေသခံများအား သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ထိုသို့ သွားရောက်လေ့လာခဲ့မှုများအပေါ် အခြေခံ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက် နေ့များတွင် Yangon Aerodrome Company Limited ၏ လူထုအကျိုးပြု ပရဟိတလုပ်ငန်းများဆောင်ရွက်မှု ပထမဆုံးခြေလှမ်းအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ပတ်ဝန်းကျင်ရှိ ကျောင်းများမှ ပညာရေးအထောက်အပံ့လိုအပ်နေသော ကလေးငယ် တစ်ထောင်ကျော်အတွက် ပညာရေးထောက်ပံ့ကြေး နှင့် ကျောင်းသုံးစာရေးကိရိယာများကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ဤကဲ့သို့ YACL ၏ လူထုအကျိုးပြုပရဟိတလုပ်ငန်းများကို အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော လူထုအကျိုးပြုပရဟိတလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်ရာတွင် အရေးပါဆုံးဖြစ်သည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရာတွင် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်ဟု YACL အနေဖြင့် ယုံကြည်ပါသည်။

Together with its 3rd Anniversary Celebration Dinner at Lotte Hotel on 6th October 2018, YACL had made survey visits to schools and communities within the vicinity of Yangon International Airport to understand the needs of the local communities with particular focus on education and healthcare.

Upon the surveys, YACL took the first initiative by donating educational fund and stationery supplies to more than 1,000 needy children from schools within the vicinity of YIA on 2nd and 3rd of October, 2018.

This CSR initiative has implemented by YACL as part of its ongoing CSR activities under the umbrella of ASIA WORLD FOUNDATION, and particularly for the 3rd Anniversary of YACL of operation and management at Yangon International Airport.

YACL believes that education is the foundation to empowering the people of Myanmar who will be the contributors to a better future of Myanmar and the world.

YACL 3rd Anni CSR IMG 1673 YACL 3rd Anni CSR IMG 1678 YACL 3rd Anni CSR IMG 1715 YACL 3rd Anni CSR IMG 1825 YACL 3rd Anni CSR IMG 1863 YACL 3rd Anni CSR IMG 1911 YACL 3rd Anni CSR IMG 1918 YACL 3rd Anni CSR IMG 2082 YACL 3rd Anni CSR IMG 2098 YACL 3rd Anni CSR IMG 2169


© Copyright 2018 by Yangon Aerodrome.