Doing our part to promote tourism to Myanmar at Routes Asia 2018

Australia နိုင်ငံ၊ Brisbane မြို့တွင် မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် Routes Asia 2018 ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည်

Australia နိုင်ငံ၊ Brisbane မြို့တွင် မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် Routes Asia 2018 ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် Myanmar Tourism Marketing တို့နှင့် အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

နိုင်ငံတကာ အဆင့်မီ ဝန်ဆောင်မှု ပေးနိုင်ရေး ကြိုးစားနေမှုနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာ့ခရီးသွားလုပ်ငန်းမြှင့် တင်ရေးအခန်း ကဏ္ဍတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖွဲ့သည် နိုင်ငံတ ကာမှ လေဆိပ်တာဝန်ရှိသူများ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ၊ လေကြောင်းလိုင်း၂၃ လိုင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါ သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် Routes Asia နှင့် World Routes တို့ကို ၂၀၁၄ ခုနှစ် ကတည်းက စတင်တက်ရောက် ခဲ့ခြင်းဖြစ်ပြီး ယခုတက်ရောက်မှုသည် ၉ ကြိမ်မြောက် ဖြစ်ပါသည်။

Routes Asia 2018 တွင် အာရှ – ပစိဖိတ်ဒေသလေကြောင်း လုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူများ၊ လေကြောင်းလိုင်း ၉၆ လိုင်း၊ လေဆိပ် ၁၄၆ ခု နှင့် ခရီးသွားလုပ်ငန်း တာဝန်ရှိသူများအပါအဝင် ပါဝင်တက်ရောက် သူပေါင်း ၉၅၀ ခန့်ရှိခဲ့ကြောင်းသိရပါသည်။ အခမ်းအနားတွင် အာရှ – ပစိဖတ်ဒေသတွင်း လေကြောင်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရပါသည်။

အသေးစိတ်သိရှိလိုပါက www.routesonline.com ကို ဝင်ရောက်လေ့လာနိုင်ပါသည်။

Yangon International Airport (YIA) attended Routes Asia 2018 in Brisbane, Australia from 18 – 20 March, 2018 together with the support and joint hosting of Mandalay International Airport and Myanmar Tourism Marketing.

As part of YIA’s push to become a high-performance airport that actively plays a role in promoting tourism to Myanmar, the YIA team held individual meetings with 23 different airlines including airports and tourism ministries from different countries. This event marks YIA’s 9th attendance at Routes Asia and World Routes since 2014.

Around 950 delegates including Asia-Pacific’s aviation industry leaders, around 96 airlines, 146 airports and 23 tourism authorities gathered in the forum and involved in meetings and networking sessions. During the forum, aviation leaders planned and negotiated new air services within the Asia-Pacific region. Visit www.routesonline.com for more info.

 

 


© Copyright 2018 by Yangon Aerodrome.